Part-5

74 4 0
                                    

အရမ်းသာယာလှတဲ့မနက်ခင်းတစ်ခုတွင်ရှောင်းကျန့်တစ်ယောက်ရုံးခန်းထဲမှာအတွေးပေါင်းစုံနယ်ချဲ့နေသည်။

{ရှောင်းကျန့် POV : သတိရလိုက်တာ သူဘယ်လိုနေလဲမသိဘူး
သူကို အရမ်းတွေ့ချင်မိတယ် ဒါပေမယ့်တွေ့လည်းမတွေ့ချင်ဘူး
သူဒီချိန်လောက်ဆိုရင်ချစ်ရတဲ့သူရှိနေလောက်ပြီ ငါအဲ့ဒါတွေမသိချင်ဘူး😔}

ရှောင်းကျန့်ကအခုလောလောဆယ်ပေကျင်းမှာဘဲရှိပါတယ် ဒါပေမယ့် သူက အဲ့ဒီလူကိုမတွေ့ချင်ဘူး အဲ့ဒီလူမှာချစ်ရတဲ့သူရှိနေပြီဆိုတာသိရင်သူသေသွားနိုင်လောက်တယ်လေ...။

"ဒေါက်တာ ဒေါက်တာ ခဗျ ဒေါက်တာရှောင်းကျန့်!!!!"

ရုံးခန်းအဝကနေလာခေါ်နေတဲ့Nurseတစ်ယောက်...။

"အော် ဟုတ် ဆောရီးပါ"

"‌ဒေါက်တာကိုဆေးရုံအုပ်ကြီးခေါ်ခိုင်းလို့ပါ"

"လာ...လာခဲ့မယ်လေ"

"ဒါဆိုကျွန်တော့်ကိုခွင့်ပြုပါဉီး"

"အေး သွားလို့ရပါပြီ"

ရှောင်းကျန့်ကဆေးရုံအုပ်ကြီးရဲ့ရုံးခန်းကိုသွားလေသည်။

‌ဒေါက်~ဒေါက်~

"ဝင်ခဲ့"

"အမ်...ခေါ်တယ်ဆိုလို့ပါ"

"အေ ဟုတ်တယ်"

"ဘာဖြစ်လို့လဲဗျ"

"အော်...မင်းရဲ့လုပ်ဖော်ကိုင်ဖက်အသစ်နဲ့မိတ်ဆက်ပေးချင်လို့ပါ
ဒီတစ်ယောက်က ဆေးကျောင်းဆင်းလက်မှတ်ရတာတစ်လလောက်ဘဲရှိသေးတယ် မင်းကလဲတော်တဲ့ဆရာဝန်တစ်ယောက်ဆိုတော့ သူ့ကိုလိုအပ်တာလေးတွေသင်ပေးရအောင်မင်းဆီမှာအပ်တာပါ"

"ဟုတ်...ဟုတ်ကဲ့"

"Hi ဆရာ ကျွန်မက ဝူရှန့်ယိပါ"

"Hiပါ ကျွန်တော့်ကရှောင်းကျန့်"

"ဟုတ်ကဲ့ ရှေ့လျှောက်ဆရာဆီကပညာတွေအများကြီးသင်ယူချင်ပါတယ်"

"ကဲဒါဆို မင်းတို့သွားလို့ရပြီ"

"ဟုတ်ကဲ့:::::::2"

သူတို့နှစ်ယောက်လည်း‌ရုံးခန်းမှထွက်လာသည်။

"ဆရာ"

♡ကျွန်တော့်ရဲ့ချစ်ရပါသောဆရာဝန်ကိုကို♡Where stories live. Discover now