ခပ်အုံ့အုံ့ ခပ်ဆိုင်းဆိုင်းနဲ့ London မြို့ရဲ့ ရာသီဥတုအရသာဟာ သိပ်ဆွေးမြေ့စရာကောင်းလွန်းလှသည်။အလွမ်းဓာတ်ခံရှိသည့် ကိုယ့်အဖို့တော့ cafe တစ်ခုဝင်ကာ black coffee ခပ်နွေးနွေးကိုအရသာခံသောက်ရင်း မိုးတွေသဲသဲမဲမဲရွာတော့မလိုဖစ်နေတဲ့ လန်ဒန်မြို့ရဲ့ရှုခင်းကြား ထင်းခနဲဖြတ်သန်းမောင်းထွက်သွားသော နှစ်ထပ်ကားနီနီတွေရယ် ဘေးဘက်တစ်ချက်မှာရှိနေတဲ့ Telephone Box နီနီတွေရယ် လန်ဒန်မြို့ရဲ့ခပ်မိုင်းမိုင်းရာသီဥမှာ သွားလာလှုပ်ရှားနေကြတဲ့ လူတွေ ပန်းချီကားတစ်ချပ်ပမာ ဂန္ဓာဝင်ဆန်လွန်းလှတဲ့ အဆောက်အအုံကြီးတွေကို ခပ်လှမ်းလှမ်းက ငေးကာဆွေးနေရခြင်းက သိပ်ကိုအရသာရှိကိုး....။
*ကိုယ်လန်ဒန်ကို မရောက်တာကြာပီ
ဖစ်၍ထင်သည် ဒီခံစားချက်ဟာသိပ်ကိုလတ်ဆတ်လွန်းနေသည် အချိန်တွေကုန်တာမြန်လှချည်းရဲ့ ကိုယ်တောင်London မြို့ကိုမရောက်တာတောင်ကြာခဲ့ပီ။သတိရမိပါရဲ့ တချိန်က ဒီသိပ်ခမ်းနားလှတဲ့ လန်ဒန်မြို့ထဲ ကိုယ့်ခြေရာတွေတစ်ထပ်ကြီး။တချို့အချိန်တွေတော့ ချစ်ဦးသူနဲ့အတူ လျှောက်ခဲ့ကြတဲ့ လမ်းတွေမှာ ခြေရာနှစ်ခုစုံကျခဲ့ဖူးသေးသည်......။တက္ကသိုလ်ကျောင်းသူဘဝဟာ သိပ်ကိုပျော်ဖို့ကောင်းလွန်းပါသည်။*
ပြန်တွေးကြည့်လျှင် တစ်ကြိမ်ထပ်၍သွားမရတော့ပါသော်ငြားလဲ ပြန်လည်လိုချင်မိသော လွတ်လပ်ပေါ့ပါးခဲ့သည့် အချိန်တွေပင်။ယခု ကိုယ်လန်ဒန်ရောက်လာသည်မှာ ကိုယ်တစ်ယောက်ထဲမဟုတ်တော့ ချစ်ဦးသူရဲ့ကိုယ်စားကိုယ့်ဘေးမှာရှိနေသည်က ချစ်ဦးသူနဲ့ကိုယ်တို့ရဲ့ ရင်သွေးငယ်....။
* အော်.... မောင်သာကျမနဲ့လက်တွဲဖစ်ခဲ့လျှင် မောင်သာကျမဘေးရှိခဲ့လျှင် မောင်သားငယ်ကိုသိပ်ချစ်မှာအသေချာပင် *
ထိုသို့တွေးမိတော့မျက်ရည်ဥတို့ဟာ မျက်ဝန်းလှလှတို့ပေါ်၌ တွဲခို၍လာလေသည်။သို့သော် ကိုယ်မတုန်လှုပ်မိပါ မျက်ရည်တွေကို ကိုယ်မကျဆင်းလာအောင် ထိန်းထားမည်ဟု အံ့ကိုတင်းကာ မျက်စိရှေ့က တခမ်းတနား အလှကိုသာ ပြန်လည်အာရုံထားကာငေးမိသည်။လန်ဒန်ကိုကိုယ်မရောက်တာ သားငယ်ကိုယ်ဝန်ကိုစလွယ်ခါစအချိန်မှ ယခုသားငယ်တစ်သက်ပင် ကိုယ်သဘောကျတဲ့ လန်ဒန်ရဲ့အလှတွေကိုယ်နဲ့ဝေးကွာခဲ့သည်မှာကြာခဲ့ပြီမို့ ယခုတဝကြီးငေးကြည့်ဦးမည်။