𑁍 ғɪʀsᴛ ᴀɴᴅ ʟᴀsᴛ ʟᴏᴠᴇ 𑁍

1K 143 5
                                    

[Zawgyi]

__________________

မြို့အဝင်လမ်းက နေကြာခင်းလေးရယ်
ငါတို့ အတူစက်ဘီးစီးနေကျ မြေနီလမ်းလေးရယ်
ကျောင်းဆင်းတိုင်း စာသွားကျက်နေကျ မေပယ်ပင်ကြီးရယ်
အိုဟောင်းမသွားမယ့် ငါတို့အချစ်တွေရယ်

___________________

" ဂျယ်ယွန်းရေ ... ကျောင်းနောက်ကျချင်ပြီလား မြန်မြန်လာပါကွ "

စက်ဘီးအပြာလေးကို ဒေါက်ထောက်ကာ ခြံရှေ့ကနေ အော်နေပါသော ဂျေး ။ မနက်တိုင်း ဂျေးရဲ့အလုပ်က နှေးတိနှေးကွေး လုပ်တတ်သော ဂျယ်ယွန်းကို စောင့်ရသည့်အလုပ် ။ အခုလည်း ဂျေး ရဲ့ အသံကြားကာမှ နွားနို့ပူပူကို မော့ချလိုက်တဲ့ ဂျယ်ယွန်း အပူလောင်ကာ ခွက်ပါလွတ်ကျသွားသည် ။

" ကြည့် အမြဲတမ်း နမော်နမဲ့နဲ့ ... လက်တွေဘာတွေထိကုန်ရင် ဘယ်လိုလုပ်မလည်း အရူးလေးရဲ့ "

" ငါကမင်းစောင့်နေရမှာစိုးလို့ပါ ဂျေးရဲ့ "

" နောက်ဆို အိပ်ရာက စောစောထ ကြားလား "

အိပ်ရာက စောစောထဖို့ အမြဲပြောတတ်ပေမယ့် စောနိုးနေ
သည့်ရက်တွေဆိုလည်း အိပ်ရေးမဝရင် ကျန်းမာရေး မကောင်းဖြစ်လိမ့်မယ် ဆိုပြီး ဆူတတ်တာကလည်း ဂျေးပင်။
ဂျယ်ယွန်း ကတော့ သွားလေးစိကာ ပြုံးမြဲပြုံးဆဲ ။

" လာတက် .. ငါ့ကျောပိုးအိတ်နောက်ထဲမှာ ပေါင်မုန့်ပါတယ် အဲ့တာလေးစားလာလိုက် စက်ဘီးကို ငါအရှိန်လျှော့နင်းပေးမယ် "

" အင်း ကျေးဇူးပဲ ဂျေးရား "

" ခွေးပေါက်လေး အလုပ်ကိုအပိုရှုပ်ခိုင်းတယ် "

" ခိခိ "

ဂျေးတို့နေ့ထိုင်ရာ မြို့လေးရဲ့ တစ်ခုထဲသော စာသင်ကျောင်းက မြို့အပြင်နားမှာ ဖြစ်သည် ။ အနည်းငယ် မတိုးတက်သေးတဲ့ မြို့လေးဖြစ်တာမလို့ ကတ္တရာလမ်းအစား မြေနီလမ်းလေးဖြင့်သာ သွားလာကြရသည် ။ လမ်းတစ်လျှောက် ဘေးတစ်ဖက်တစ်ချက်မှာ မေပယ်လ် ပင်ကြီးများကလည်း နေရာယူထားသည် ။

နေထန်းတစ်ဖျား လို့မြို့ခံလူကြီးတွေ ခေါ်ကြတဲ့ မနက် ၉ နာရီ အချိန်မှာ မြေနီလမ်းမလေးထက် စက်ဘီးအပြာရောင်လေးနှင့် ကျောင်းသားလေးနှစ်ဦး ၏ ပုံရိပ်ဟာ မှတ်တမ်းတင်ထားချင်လောက်သည်အထိ ရိုးရှင်းလှပနေသည် ။

ငယ်ချစ်ပုံပြင် ✔︎Where stories live. Discover now