Love Life 1

549 3 0
                                    

Love of my Life
(Love Life) ၁
ပုဇွန်ဆီရောင်ညနေခင်းတစ်ခုတွင် မိုင်လွန်း တို့မိသားစုသည် ဦးဦး၏အိမ်၌ နေထိုင်ကြရန်ရောက်ရှိလာခဲ့ကြပါသည်။
ဘယ်နှရက် ဘယ်နှလ လည်းတော့ မိုင်လွန်း မသိပါ။သေချာသည်က ညနေ ခင်း တစ်ခုဖြစ်သည်ကိုဝော့ မိုင်လွန်း မှတ်မိပါသည်။
.........
ခြေအစုံကို တိုက်ခံအိမ်အကြီးကြီးရှေ့တွင်ရပ်ကာ သပ်ရပ်၍ အနောက်တိုင်းဆန်လှသော အိမ်ကြီးကို တမေ့တမော ကြည့်နေမိသည်။

"မိုင်လွန်း သမီး လာလေ အိမ်ထဲမ၀င်ပဲ ဘာရပ်လုပ်နေတာလဲ"
ဦးဦးမှ လက်ကမ်း၍ ဂရုဏာ အသံဖြင့်ပြောသောအခါ မိုင်လွန်းခေါင်းငြိမ့်၍ ဦးဦးလက်ကို အသာအယာလက်ခံကာ ၀င်လာခဲ့ပါသည်။
ကြီးမားလွန်းသော အိမ်ကြီး ၊မေမေကြည့်နေကျ ရုပ်ရှင်ကားတွေထဲကလို အပြင်အဆင်နဲ့ပြုလုပ်ထားသော အိမ်ထောင် ပရိဘောဂများနှင့် အခန်းအကျယ်ကြီးများကို မိုင်လွန်း တွေ့ရပါသည်။
" သမီးရေ..."
အပေါ်ထပ်မှ မေမေ့ခေါ်သံ‌ကြားသောအခါ ဦးဦးက မိုင်လွန်းအား  မေမေရှိရာသို့ တက်စေခဲ့ပါသည်။

"မေမေ"
"ဒီမှာကြည့်စမ်း မေမေ့သမီးလေးအတွက် "

မေမေမှ ရွှေညိုရောင် ကျွန်းတံခါးကြီးကို ဖွင့်လိုက်သောအခါ သပ်ရပ်လှသော ချစ်စရာအခန်းငယ်ကို မြင်ရသောအခါ မိုင်လွန်း ပါးစပ် ပြန်စိ၍မရလောက်အောင် အံ့ဩရပါသည်။
......
မိုင်လွန်းဟေမာန် ...
မိုငိလွန်းဟေမာန် ဆိုသော နာမည်ကို ဖေ‌ေဖကမေမေ   မိုင်လွန်းကို ကိုယ်၀န်ဆောင်ချိန်ကတည်းက ပေးခဲ့သောနာမည်ဖြစ်သည်ဟု ‌ခနခနပြောပြခဲ့၍ မိုင်လွန်းမှတ်မိပါသည်။
ဖေဖေက ကဗျာတွေ စပ်တာ ပန်းချီဆွဲတာ ဝါသနာသူပီပိ အနုပညာလည်းဆန်သည်။စိတ်ကူးယဉ်တတ်သူလည်းဖြစ်သည်။
ထို့ကြောင့် မိုင်လွန်းနာမည်ကိုလည်း နာမည်ကြားရသည်နှင့် နားထဲတွင် ရိုးယဉ်မနေအောင် ပေးရမည်ဟုဆိုသည်။
မိုင်လွန်းကို နာမည်ပေးရန်စဉ်းစားကြသော ညက လသာသည် ။လပြည့်ညဖြစ်သည်ဟုလည်းမေမေပြောသည်။

"အဲ့တုန်းက မေမေ့ဗိုက်ထဲမှာ သမီးက ရှစ်လရှိနေပြီလေ ။လပြည့်ည မှတ်မှတ်ရရ သီတင်းကျွတ်လပြည့်ညပေါ့ ။သမိီးဖေဖေနဲ့ မြတ်လေးပန်းရုံဘေးက ကွပ်ပြစ်ပေါ်မှာ လက်ဖက်သုပ်စားရင်း ရေနွေးကြမ်းသောက်ရင်း နာမည်ပေးဖြစ်တာ "

You've reached the end of published parts.

⏰ Last updated: Jan 26, 2023 ⏰

Add this story to your Library to get notified about new parts!

 If Love Is A Pin (Love Life) Where stories live. Discover now