သင်္ကြန် မှာ အန်တီ နဲ့တွေ့ဆုံခြင်း

3.2K 150 7
                                    

သူငယ်ချင်းနှစ်ယောက်ရှိသည်။တစ်ယောက်က မိုး။နောက်တစ်ယောက်က ​​ေမဖြူ။မိုး နဲ့ ဖြူ ကညီမတွေလို နေကြသည်။မိုး အသက်က ၁၇ နှစ်။ဖြူ အသက်က ၁၆ ပြည့်တော့မည်။မိုးက သူ့အဒေါ်နဲ့ နှစ်ယောက်ထဲနေသည်။မိုးအဒေါ်နာမည်က ဒေါ်ကြည်ပြာ အသက်က၅၆နှစ်အရွယ် အန်တီတစ်ယောက်ရှိသည်။

မိုးရေ သင်္ကြန်တွင်း ဘုန်းကြီးကျောင်းမှာ ဥပုသ်သီလယူမယ်နော်။ဘယ်မှမလည်ရဘူး။တီလေးနဲ့အတူ ဘုန်းကြီးကျောင်းလိုက်ခဲ့ရမယ်။

ဟာ တီလေးကလည်း သကြန်ဆိုတာ ငယ်တုန်းလည်ပတ်လို့ကောင်းတာ။တီလေးနော် တီလေးမလည်ရတိုင်း မိုး ကို မလည်ပတ်ရဘူး မပြောနဲ့။တီလေးတို့ခေတ်နဲ့ မတူတော့ဘူးနော်တီလေးရဲ့••••။

အမယ် ရှည်လိုက်တဲ့လျှာ လူကြီးပြောစကားဆို နားမထောင်ချင်ဘူး ခုခေတ်ကလေးတွေများ အတော်ပြောရခပ်တယ်။အဲ့ထဲမှာ တီလေးတူမက ထိပ်ဆုံးကပဲ။

တီလေးကလည်း အဲ့လိုမပြောပါနဲ့ သမီးက တီလေးပျင်းနေမှာဆိုးလို့ မပျင်းရအောင် ခုလိုတမင်လုပ်ပေးနေတာပါနော်။

ဆင်ခြေတွေကလာပြီ။ဆက်မပြောတော့နဲ့ လာမနက်စာလာစား။

ထိုအချိန် မေဖြူ ရောက်လာသည်။

မိုးရေ မိုး

သမီးလာလာ သမီး သူငယ်ချင်းက မီးဖိုခန်းထဲမယ် မနက်စာစားနေတယ် ဝင်သွားလိုက်နော်

ဟုတ်ကဲ့အန်တီ

သမီးဖြူ ကမှ လိမ်မာသေး အိမ်က မိုးနဲ့များ ကွာချက်

မိုးက လိမ်မာပါတယ် အန်တီရဲ့

အဲ့တာ သမီးဖြူနဲ့မလို့ ခဏက အန်တီနဲ့တင် စကားများလာတာ မလုပ်ချင်ရတာနဲ့ သမီးသူငယ်ချင်း သမီးကြည့်သာပြောသွားအုံး

အာ့ဆို အန်တီ သမီး မိုးဆီ သွားလိုက်အုံးမယ်

အေးအေးသမီးဖြူ

မိုးရေ မနက်ခင်းရှိသေးတယ် အန်တီနဲ့ ဘာဖြစ်ထားတာလဲ

ဘာဖြစ်ရမှာလည်း သိတဲ့အတိုင်းပေါ့ဟယ်

ဘာသိတဲ့အတိုင်းလည်း မိုး စကားပြောတာရှင်းအောင်ပြော

ဒီလိုဟာ အရင်က သင်္ကြန်ဆိုရင် လည်တယ်လေဟာ
ခုက တရားစခန်းဝင်ရမည်တဲ့အေ ဖြစ်သင့်လား ဖြူ စဥ်းစားကြည့်ပါအုံး
သူအသက်ကြီးတိုင်း တရားသဘောတွေလာပြော ငါခုမှ ၂၀တောင်မပြည့်သေးဘူးဟယ်

You've reached the end of published parts.

⏰ Last updated: Apr 01, 2022 ⏰

Add this story to your Library to get notified about new parts!

သင်္ကြန်  မှာ အန်တီ နဲ့ တွေ့ဆုံခြင်း{shot}💦💙[complete]Where stories live. Discover now