"တီ...တီ...တီ"
မနက်ခင်း၏ ၆နာရီ alarm မြည်သံသည် ဖြစ်တည်ရန်ခက်ခဲသော အိပ်ရေးတချို့ကို နှောင့်ယှက်၍ လွယ်လင့်တကူပင် ဖြစ်တည်တတ်သော စိတ်ပင်ပန်းမှုတို့ကို စတင်စေသည်။မျက်ခွံလွှာတို့အား မလှုပ်ရှားမိသေးခင် နေသားကျနေသော လက်တို့က ဘေးနားရှိ အေးစက်နေသော မွေ့ယာပြင်ကို လက်တွေ့ခံစားစေပြန်သည်။
"ဟင်း~"
နေ့တစ်နေ့၏ ပထမဆုံးသော မိနစ်ဝက်သည် ဤသို့သော လေးပင်စွာ သက်ပြင်းချသံဖြင့်သာ။မျက်လုံးစုံကို အားတင်း ဖွင့်ကာ ...
မထင်မှတ်ထားသည့် အခြေအနေအောက် ခန့်မှန်းမိသည့် အတွေးအချို့ဖြင့် နေသားမကျသေးသော ဖြစ်လေ့ဖြစ်ထရှိခဲ့ပြီ ဖြစ်တဲ့ ရှင်းလင်းလှသည့် ရှုပ်ထွေးမှုများကို နာကျင်စွာ အံတုရင်း ရင်ဆိုင်ရပေဦးမည်။~~~~~~~~~~~~~~~&~~~~~~~~~~~~~~~~
လှေကားထက်မှ ဆင်းလာသည်နှင့် မီးဖိုထဲတွင် ချစ်ရသူအတွက် ကြိုးစားကာ အပင်ပန်းခံ ချက်ပြုတ်ပေးနေပါသော ချစ်ရသူ၏ ကျောပြင်ကျယ်ကျယ်။
နောက်ပါးမှ မျက်နှာအပ်ကာ စိတ်အလုံးစုံကို ဒုန်းဒုန်းချ၍ အားကိုးတကြီးဖြင့် အနွေးဓာတ်ပြင်ကြီးကို မှီဝဲလိုက်သည်။များမကြာမီတွင်...
"ကိုး~~"
တိုးညှင်းစွာ ထွက်ပေါ်လာသော တိုးညှင်းသော်လည်း ခပ်ဩဩအသံငယ်။"ခဏလေးပါ...ကိုး ဒီလိုလေး နေချင်လို့ပါ"
ပြောလိုက်တော့လည်း မီးဖိုကို အသာပိတ်ကာ ကိုးဖက်ထားတဲ့ ကျောပေးလျက် အတိုင်းလေး ငြိမ်နေပေးပြန်သည်။
"ရှိုင်းက ချစ်ဖို့ကောင်းလိုက်တာ""ကိုးကိုတော့ ဘယ်မှီပါ့မလဲ"
ခပ်ဟဟ ရယ်သံစွတ်၍ ပြောလာသော ရှိုင်းကြောင့် ကိုးပါ လိုက်ရယ်မိသည်။ကိုယ့်ချစ်သူ ပျော်ပါသည်ဆို ကိုယ်ပါ လိုက်ပျော်မိသည်အထိ ထပ်တူညီသော အချစ်စစ်ဆိုသည်က ဤအရာမျိုးလား။
"ဒီဖက်လှည့် ရှိုင်း"ဆိုပြန်တော့လည်း ချစ်ရသူ ရှိုင်းက အလိုက်တသိပင်။
"ကိုး နမ်းချင်လို့"
ရှိုင်း လက်ဖဝါးထက် အားပြုရင်း မမှီ့တမှီ ဖြစ်နေသော ရှိုင်း နှုတ်ခမ်းပါးဆီသို့ ခြေဖျားထောက်ကာ အနမ်းတို့ဖြင့် ခစားလိုက်တော့သည်။