Part _5 ( Uni & Zawgyi)

5.6K 281 42
                                    

Unicode

"မင်းကဘာဝင်လုပ် အာ့"

မူးနောက်သွားသော ခေါင်းက ပုံရိပ်တို့ကိုဝေဝါးသွားစေသည်။

ထန်တိုင်းသည် မကြည်လင်နေသော ဦးနှောက်အား ခက်ခဲစွာ ထိန်းချုပ်ကာ ထိုအခန်းထဲမှထွက်ရန် အားစိုက်ရသည်။

"ဘယ်သွားမလို့လဲ ကိုထန်က ပန်းချီ့ကို ကြည့်ပါဦး
ပန်းချီ ကိုထန့်ကိုသက်သာအောင်လုပ်ပေးမယ်လေ"

"ဖယ်......စမ်း"

"ပန်းချီနဲ့အတူ ပူလောင်တဲ့အချစ်ခရီးလေး ဖန်တီးကြမယ်လေ ပန်းချီ့ကို ကိုထန့်စိတ်ကြိုက်ကြမ်းလိုက်ပါ ပန်းချီက အပြုအစုသိပ်တော်တာနော်"

"မင်းကို..မလို...အပ်ဘူး"

အံကိုတင်းတင်းကျိတ်ရင်း သွားကြားထဲမှ ထွက်လာသော အသံနှင့် ထန်တိုင်းအားစိုက်ပြောလိုက်သည်။

"ပန်းချီကတော့ လိုတယ် လိုအပ်တယ် ပန်းချီ ကိုစိတ်ကြိုက်လုပ်ပစ်လိုက်ပါ ကိုထန်ရယ်"

သစ်မိုးပန်းချီသည် ရဲတင်းစွာနဲ့ မတ်တပ်ပင်ကောင်းကောင်းမရပ်နိုင်တော့သော ထန်တိုင်းအား
ကုတင်ပေါ်သို့ တွန်းချလိုက်ကာ လက်များက ပေါင်အားစတင်ပွတ်သပ်လာသည်။

ထန်တိုင်းတဖြည်းဖြည်းပူလောင်လာသော စိတ်တို့အားဖြေလျော့ဖို့လိုတယ်ဆိုတာ သိတယ်။ဒါပေမယ့် ဒီမိန်းမနဲ့တော့မဟုတ်ဘူး။

လက်ကျန်အားတို့အား စုစည်းကာ ပွတ်သပ်နေသောလက်များအား ရိုက်ချလိုက်ပြီး သစ်မိုးပန်းချီအား တွန်းထုတ်ကာ ဒယီးဒယိုင်နှင့် မတ်တပ်ထရပ်လိုက်သည်။

မိုက်ခနဲ ဖြစ်သွားသော်လည်း အားတင်းကာ ပူလောင်နေသော စိတ်အားလျှော့ချပြီး ဒီအခန်းထဲမှ ထွက်ခွာရန် စိတ်ကိုစုစည်းလိုက်သည်။

"မင်း...ဒီအတွက် ပြန်ပေးဆပ်...ရမယ်"

စိတ်အာရုံတို့ ပျံ့လွင့်နေသော်လည်း အရင်တည်းကပင် ကြံ့ခိုင်သန်မာသော အားများရှိသောကြောင့်
သစ်မိုးပန်းချီအား စောင့်တွန်းလိုက်သည့်အရှိန်သည် သူမကို ဖင်ထိုင်ရက် ကြမ်းပြင်ပေါ်လဲကျစေသည်။

My Fascinated Man(ongoing)Where stories live. Discover now