နှလုံးသားစေရာ အပိုင်း ၁

4.6K 97 13
                                    

💦 နှလုံးသား စေရာ 💦

အခန်း(၁)
💦🍂💦🍂💦🍂💦🍂💦🍂💦🍂💦🍂💦

ပင်လယ်ကမ်းစပ်ရဲ့ တောင်ကမူ​လေးတစ်ခုရှိ စိမ်းစို​နေတဲ့... မြက်ခင်းပြင်ထက်မှာ အဖြူရော
င် အင်္ကျီဘောင်းဘီနဲ့ လူရည်သန့်သန့်ချော
ချော အသက်နှစ််ဆယ့်ကျော်အရွယ် ကောင်လေး တစ်ယောက်ရပ်နေသည်။

ထိုကောင်လေးရဲ့ရှေ့၌ အဖြူရောင်ဂါဝန်လေး
နဲ့ အသက်မတိမ်းမယိမ်းလောက်ရှိမည့် ကောင်မလေးတစ်ယောက်လည်း ရပ်နေသည်။

ကောင်လေးက သူ့ရှေ့မှာ ရပ်နေတဲ့ ကောင်မ
လေးရဲ့ မျက်ဝန်းတွေကို... သူ့မျက်ဝန်းတွေနဲ့
အကြည့်စုံပြီ....

" မင်း ငါနဲ့ထပ်တွေ့ချင်တာ သေချာလား.. "

" အင်း.. သေချာတာပေါ့ "

" ငါနဲ့ထပ်တွေ့ချင်ရင် ငါမဟုတ်တဲ့ တခြားတစ်ယောက်ကို မချစ်ပါဘူးလို့... ကတိပေး
နိုင်မလား..။အဲ့ဒါဆိုရင် ငါ ဘယ်လိုအခက် အခဲတွေပဲရှိရှိ သေချာပေါက် မင်းဆီကိုအ
ရောက်ပြန်လာခဲ့မယ်။ငါပြောတဲ့ ကတိကို
မင်း ပေးနိုင်လား... "

တည်ကြည်လေးနက်တဲ့ မျက်ဝန်းတွေနဲ့ ကြည့်ပြီးမေးလာတဲ့... ကောင်လေးကို ကောင်မလေး
က ဘယ်လိုအဖြေပေးရမှန်း မသိဖြစ်နေရ၏။

" မင်း မပေးနိုင်ဘူးမလား.. "

ကောင်လေးက ကောင်မလေးကို ဆွေးမြေ့ရီဝေနေတဲ့ အကြည့်တွေနဲ့ မေးလာချိန်မှာတော့...

" စီနီယာ မဟုတ်တဲ့ တခြားသူကို မချစ်ပါဘူးလို့ ကတိပေးပါတယ် "

ကောင်လေးက သူ ချစ်ရတဲ့သူဆီက... သူလိုချင်တဲ့ ကတိကိုရလိုက်တာကြောင့်... မျက် ရည်များကျလာသည့်အထိပင် ပျော်ရွှင်သွားသည်။

" ငါလိုချင်တဲ့ ကတိကိုပေးလို့ ကျေးဇူးပါ။
မင်းက ငါလိုချင်တဲ့ ကတိကိုပေးသလို... ငါကလည်း မင်းဆီကို နောက်တစ်ကြိမ် အရောက် ပြန်လာပါမယ့်ဆိုတဲ့ ကတိကိုတည်စေရပါ
မယ်လို့ ကတိပေးပါတယ် "

" အင်း.. "

ကောင်လေးက ဂါဝန်အဖြူရောင်လေးနဲ့ ဆံနွယ်ရှည်တွေက လေမှာတလွင့်လွင့် မျောလွင့်နေပြီး... ဘာမှလိမ်းခြယ်ထားချင်းမရှိတဲ့ မျက်နှာလေးက ပန်းချီဆရာများ လက်မှိုင်ချရလောက်သည့်အလှမျိုးကို ပိုင်ဆိုင်ထားသည့် သူ့ ချစ်သူ ကောင်မ​လေးရဲ့ မျက်နှာလေးကို ​မြတ်နိူးမှုများစွာဖြင့် ငေးကြည့်လိုက်ပြီး...

နှလုံးသားစေရာ (နှလုံးသားထက်က နှောင်ကြိုးမျှင်)ဒုတိယတွဲနောက်အပတ်ကစပြီးတင်ပေးပါမယ်Where stories live. Discover now