Unicode
ဂျွန်သည် ကားကိုဝေါခနဲ မောင်းချလာကာ ဂျက် ပြောသောကော်ဖီဆိုင် ရှေ့တွင်ရပ်လိုက်၏။ ဂျက် ဆိုသူမှာ ဂျွန်နှင့် မူလတန်းကတည်းက ခင်လာသည့် ငယ်သူချင်းကြီးဖြစ်၏။ ကော်ဖီဆိုင်မှာ မှန်ဖြင့်ဆောက်ထားသည်မို့ အထဲမှာရှိသည့်အရာကို မြင်နိုင်၏။ ဂျွန်သည် ကားပေါ်မှဆင်းကာ ဆိုင်နာမည်ကို ကြည့်လိုက်ပြီး
!Crush Cafe'တဲ့
အဟက်! ဘာကြီးလဲ
ဆိုင်နာမည်က Crush တဲ့လား!ဆိုင်ထဲကိုကြည့်လိုက်ပြီး ဂျက်ကိုတွေ့သည်နှင့် ဝင်ခဲ့လိုက်၏။
ဂျက်အရှေ့ကခုံတွင် ဝင်ထိုင်လိုက်ပြီး
"ပြောပါဦး ခေါ်တဲ့ကိစ္စ"
"အေးအေးဆေးဆေး အရင်ထိုင်ပါဦးလား"
ဂျွန်က သူ့ကိုစောင်းကြည့်လာတော့
"..ပြောမှာပါ..
ဘာတွေစိတ်မရှည်ဖြစ်နေတာလဲမသိဘူး...အကြည့်ကိုကကြောက်စရာကြီး"ထိုချိန် စားပွဲထိုးကောင်လေးမှ ကော်ဖီလာချပေးတော့
" ဒီမှာ ငါမင်းအတွက်မှာထားတာ "
ကော်ဖီခွက်ကို ဂျွန်ရှေ့ထားပေးလိုက်ပြီး" ဂျွန်၊ မင်းခရီးသွားနေတဲ့ ဒီတစ်ပတ်လုံး
မင်းcrush ဆီကို မဆက်သွယ်ဘူးလား "ဂျွန်က ခေါင်းညိမ့်ပြပြီး
"ငါခရီးသွားနေတဲ့အချိန် သူအေးအေးဆေးဆေးလေးနေရအောင် လွှတ်ထားပေးတာ၊ အခုပြန်ရောက်ပြီလေ သူရဲ့လွတ်လပ်တဲ့အချိန်တွေ ကုန်ပြီ "
"ဂျွန်" ဟုခေါ်ပြီး ဂျက်က သူတို့ထိုင်နေသည့်ဝိုင်း၏ဘေးက တစ်ခုံကျော် ဝိုင်းကို မေးငေါ့ပြလိုက်၏။
တွေ့လိုက်ရသည်က သူ့ရဲ့အဖြူရောင်နတ်သားငယ်လေး...
shirt အဖြူနဲ့ jean အနက်တွဲဝတ်ထားပြီး ဆံပင်ကို နဖူးပေါ်ဝဲချထားသည်က မျက်စိမလွှဲနိုင်လောက်အောင် ဆွဲဆောင်မှုရှိလှသည်။ ဘာလို့အဲ့လောက်ထိ ချစ်ဖို့ကောင်းနေရတာလဲ Park Jimin!