တီ. တီ . တီတီ
နှိုးစက်သံကြောင့် ခါရာနိုးလာခဲ့ရသည်။ဒီနေ့မေ
မေ ကျွန်တော်ကိုသွားထားတာတစ်နှစ်ပြည့်ပြီ။ဖေဖေကတော့ကျွန်တော်လေးနှစ်သားလောက်မှာ ဆုံးသွားခဲ့သည်။အခုချိန်မှာ ကျွန်တော်တစ်
ယောက်တည်းသာကျန်တော့သည်။ခဏအကြာ တံခါးခေါက်သံကြောင့် ခါရာတွေးလက်စများကို ခေါင်းရမ်းကာအတွေးများလွင့်ထုတ်လိုက်သည်။ဒေါက် ဒေါက်
"သား ခါရာ နိုးပြီလား။အောက်မှာ သမီးနွေ
ရောက် နေပြီကွယ်"ဒေါ်လေးကြည်အသံကြောင့် ခါရာတံခါးသွား
ဖွင့်ကာ.."ဒေါ်လေးကြည်သားခနနေဆင်းခဲ့မယ်လို့ပြောလိုက်ပါ"
ဒေါ်လေးကြည်ဆိုတာခါရာငယ်ငယ်ကတည်းက ခါရာ့ကိုထိန်းပေးခဲ့သူ ယုံကြည်ရတဲ့လူဆိုရင် လည်းမမှား ။ခါရာ မရှိတဲ့အချိန်ဆို ဒီအိမ်ကြီးရဲ့ သော့ကိုလည်း ဒေါ်လေးကြည်ကိုဘဲ အပ်ထား ရသည်။အိမ်မှာလူ များများမရှိပါ။ကျွန်တော် ရယ်၊ဒေါ်လေးကြည်ရယ်၊ အိမ်အကူဒေါ် လေးတူမ မိစာ၊သုံးယောက်သာရှိသည်
နွေဆိုတာ ကျွန်တော့်သူငယ်ချင်း နွေဦးငယ်။မေမေ သဘောကျရတဲ့မိန်းကလေးပေါ့။ကျွန်တော်ပြင်ဆင်ပြီး အောက်ရောက်တော့ သာလိကာမက..."ခါရာ နင်ကလဲကြာလိုက်တာ ငါရောက် နေတာကြာပြီ။ အန်တီမြတ်ကို သွားတွေ့ရ အောင်။ပြီးရင် ငါ့ကိုဈေးပါလိုက်ပို့နော်. "
နွေဆိုတာအဲ့လိုပင်။စကားအရမ်းများလွန်းတယ်
စကားနည်းတဲ့ကျွန်တော်နဲ့ ဘယ်လိုသူ ငယ်ချင်း ဖြစ်လာမှန်း စဉ်းစားမတတ်။"ကဲပါ နွေရယ် သွားရအောင် နင့်စကားကို နားထောင်နေရင် နေပူသွားလိမ့်မယ်"လို့ပြောပြီး ခါရာအပြင် ထွက်ခဲ့လိုက်သည်။မေမေ့ကိုသွားတွေ့ရအုံးမယ်။
**************
"ရှင်းသစ်ရောင်ဖြာ! "ဦးနေရောင်တစ်ယောက် မနက်ကmeeting ရှိလို့အစောကြီးထသွားကာ ကုမ္ပဏီရောက်ပြီး meeting စရုံဘဲကြံရွယ်ကာရှိသေး စခန်းရောက် နေပြီးဖြစ်သော သားဖြစ်သူကို သွားထုတ်ပေး ရသည်။နောက်လဆို အသက်က23 ပြည့်တော့ မယ်။အလုပ်ကိုရေရေရာရာမလုပ်။ မိတဆိုးလေး မို့ အလိုလိုက်တာဒင်းက ကျောင်းပြီးကတည်းက အဖေကိုအလုပ်မကူသင့်အပြင် သူ့အရှုပ်တွေပါ ဒိုင်ခံဖြေရှင်းပေးနေရသည်။အခုလဲ ဧည့်ခန်းထဲ မှာ မိန့်မိန့်ကြီး သူမဟုတ်သလိုထိုင်နေသည်။