အပိုင်း ၂

22 1 0
                                    

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ထဲမှာ ခရီးသွားလာသူများနဲ့ခရီးဦးကြိုနေသူများကို ကြည့်ပြီး ရောင်ဖြာစိတ်ညစ်လာသည်။နိုင်ငံခြားက ပြန်လာမယ့် ဒယ်ဒီ သူငယ်ချင်းရဲ့သမီးကို လာကြိုနေရတာက ရောင်ဖြာ အတွက်ပိုစိတ်ညစ်ဖို့ကောင်းသည်။အရပ်6ပေ2လက်မ မြင့်သောသူ့အရပ်မှာ အင်္ကျီအဖြူရောင်ရှပ်ကို ဘောင်းဘီအနက်ရောင်နဲ့ တွဲဝတ်ပြီးနေကာမျက်မှန်ကို
အနောက်မှာပြောင်းတပ်ကာ ဧည့်ကြိုနေရာကနေ ထိုင်စောင့်နေသည်မှာ နာရီဝက်ရှိနေပြီ။

လေယာဥ်ဆိုက်ရောက်လာပြီး မကြာခင်မှာဘဲ သူ့ရှေ့မှာရောက်လာသည့် ခြေတစ်စုံ ။ရှင်းရှင်းပြောရရင်မိန်းကလေးတစ်ယောက်ရဲ့ခြေတစ်စုံကိုရောင်ဖြာမော့ကြည့်လာတဲ့အခါမှာတော့ အင်္ကျီခါးတိုကိုလက်ရှည်ကုတ်တစ်
ထည်နဲ့ထပ်ဝတ်ပြီး စတိုင်ပန်ဒူးအထက်လောက်တိုတဲ့ဂျင်းသားနဲ့ လိုက်ဖက်စွာဝတ်ထားသည်။ရွှေဝါရောင်ဆံပင်လေးကို မြင့်မြင့်ထုံးပြီး အရှေ့နားလေးကို ကပိုကရို‌လေးချထားသေးသည်။  သို့ပေ
မယ့် ရောင်ဖြာဒီမျက်နှာကို ရင်နှီးနေသည်။
"ကိုကို ..ကိုကို!"

"ဟင် ..ငါ့ကိုခေါ်တာလား"ဆိုပြီးရောင်ဖြာကိုယ့်ကိုကိုယ်လက်ညိုးထိုးကာမေးလိုက်ရသည်။

"ဟုတ်တယ်လေ..ကိုကိုက ယုကိုတောင်မမှတ်မိဘူး
လား အန်ကယ်(ဦးနေရောင်)ရောနေကောင်လား။"

ရောင်ဖြာအံ့ဩသွားရသည် ။ဒယ်ဒီက ဧည်သည်ဆိုလို့ အရေးကြီးတဲ့လူများ ဖြစ်နေမလားတွေးမိတာ။ငယ်ငယ်က ကိုယ့်နောက်လိုက်ကပ်နေတဲ့ ယုယစံ
ဒီကောင်မလေးကတော်တော်တော့ချောလာ သည်။ငယ်ငယ်ကလိုနှပ်ချီးတွဲလောင်းလေးတော့ မဟုတ်။ရင့်ကျက်လာပြီထင်ထားပေမယ့် အတွေးထပ်လက်ကအရင်ရောက်လာသည်။
ဖြန်း..

"အား ..ဘာလို့ရိုက်တာလဲ အစံမ နင်တော်တော်
လက်သန်ပြောင်ပါလား"

"ငါမေးတာ နင်မှ မဖြေတာ ငါ့ကိုစိုက်ကြည့်နေတာကိုး
ဆောရီးနော် ငါကယောင်္ကျားလေးစိတ်မဝင်စားဘူး ဟဲဟဲ"

"စိတ်ကူးယဉ်မနေနဲ့ ငါလဲနင့်ကိုမကြိုက်ဘူး အတွေးမှာကို မရှိတာ ဟွန်း...."ဆိုပြီး ယုလက်ထဲက luggage ကိုဆွဲကာ အရင်ထွက်လာလိုက်သည်။ယုလဲအနောက်
ကလိုက်ကာလက်ကဆွဲပြီးစကားတွေပြောနေရသည်ကိုကို ကငယ်ငယ်ကအတိုင်း စိတ်ကမရှည်တတ်ဘူး။

မောင့်ချစ်ဦးမို့ ချစ်ရသည်Where stories live. Discover now