"ရိပေါ်....တံခါးပွင့်နေတာတွေ့လို့ငါဝင်လာမယ်နော်
ငါတောင်းပန်ပါတယ်....ငါ့ရဲ့လုပ်ရပ်တွေလွန်သွားမှန်းလည်းသိပါတယ်
မင်းကိုချစ်လို့လုပ်မိတာပါ....ငါ့ကိုအပြစ်မမြင်ပါနဲ့
အခန်းကမီးဖွင့်မထားဘူး....မင်းငါ့ကိုစိတ်ဆိုးနေတုန်းလား"ထင်လျိုးဟန်ရိပေါ်အိမ်အရောက်လာတောင်းပန်ပေမယ့်တုံ့ပြန်မှုကနတ္ထိ
အခန်းထဲတွင်ကမ္ဘာပျက်နေသောရှောင်းကျန့်ကိုသူမမြင်သေးသောကြောင့်သာရိပေါ်ကိုပွေ့ချီကာအခန်းပြင်ထွက်လိုက်တော့
ထင်လျိုးဟန်နဲ့မျက်နှာချင်းဆိုင်လျက်သား"ရိပေါ်....မင်းသူ့ကိုဘာလုပ်လိုက်တာလဲ"
"ငါ့လက်ကိုလွှတ်လိုက်မင်းနဲ့ငြင်းခုံနေဖို့အချိန်မရှိဘူး"
ပွေ့ချီထားတဲ့ရှောင်းကျန့်လက်ကိုဖမ်းဆုပ်ကာမေးတော့ရှောင်းကျန့်တင်းမာစွာပင်ပြန်ဖြေသည်
ဆွဲထားတဲ့လက်ကိုဂရုမစိုက်ဘဲရိပေါ်ကိုဆေးရုံပို့ဖို့သာသူအမြန်ပြင်ဆင်တော့သည်
ကားထဲထည့်ကာလက်တစ်ဖက်ကပေါင်ပေါ်တင်ထားတဲ့ရိပေါ်လက်လေးကိုဆုပ်ကိုင်လို့
သူတို့ဆေးရုံသွားတော့နောက်ကထင်လျိုးဟန်ကလိုက်လာတယ်ဘယ်လိုအရှိန်မျိုးနဲ့သူမောင်းလိုက်တယ်မသိ
တစ်နာရီလောက်ခရီးကခဏလေးနဲ့ရောက်သွားသလို
ဆေးရုံရောက်တော့ Emergencyခန်းထဲတစ်ခါတည်းဝင်ရလေသည်
သူအရမ်းစိုးရိမ်နေသည့်တိုင်ထင်လျိုးဟန်ကိုမြင်တော့ဒေါသတွေကထောင်းခနဲ
အင်္ကျီကေယ်လာစတွေကိုဆုပ်ကိုင်လိုက်ပြီး"မင်းသူ့ကိုဘာလုပ်လိုက်တာလဲ
သူကမင်းပြန်လာမှဒီလိုပုံစံဖြစ်သွားတာ...မင်းနဲ့တွေ့မှအမြဲတမ်းကလေးလေးလိုပျော်ပျော်နေတတ်ပြီးငါ့ရှေ့မှာဆိုအမြဲပြုံးနေတတ်တဲ့ကောင်လေးကခုလိုအခြေအနေတွေတောင်ရောက်ကုန်တတ်တာ
အဲ့တာမင်းကြောင့်ဖြစ်ရတာ""ကျုပ်နဲ့ဘာမှမဆိုင်ဘူး....ကျုပ်ကကျုပ်ပိုင်တဲ့အရာတစ်ခုကိုပြန်လာပြီးသိမ်းယူရုံဘဲ"
"သူကလူ....အရုပ်မဟုတ်ဘူး"
"သူ့ဘာသူဘာဘဲဖြစ်နေပါစေ....ကျုပ်ကတော့လိုချင်ရင်ရအောင်ယူမှာဘဲ
ကျုပ်ကိုသူကပထမဆုံးချစ်ခဲ့တာခင်ဗျားကနောက်မှသူ့အတွက်ဖြစ်တည်လာတာ
အဲ့တော့စဉ်းစားပေါ့သူဘယ်သူ့ကိုပိုပြီးခင်တွယ်မယ်ဆိုတာ"
YOU ARE READING
𝐎𝐧𝐥𝐲 𝘺𝘰𝘶
Fanfiction"ဝမ်ဝမ့်အမျိုးသားကြီးကပြီးပြည့်စုံတဲ့နေ့တစ်နေ့မှာရှိတဲ့မနက်ခင်းရဲ့သာယာမှုလေးပါဘဲ" "တစ်ဘဝလုံးစာစစ်မှန်တဲ့အချစ်တစ်ခုရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုဖော်ပြပါဆိုဝေးဝေးမှာပြေးရှာမနေတော့ပါဘူး....ဟောဒီကကျုပ်အမျိုးသားလေးပါလို့ညွှန်ပြလိုက်မှာ"