ROYAL CONSORT (Unicode)
(......) နိုင်ငံသည် ခေတ်နဲ့ အညီ ဖွံ့ဖြိုးတိုးတက်နေသော်လည်း ဘုရင်စနစ်ကို ကျင့်သုံးဆဲ နိုင်ငံတစ်ခုဖြစ်သည်။
ထိုနိုင်ငံရှိ ဘုရင်မင်းမြတ်သည် ပြည်သူများကို
တရားဥပဒေနဲ့ အညီ ကျောသားရင်သားမခွဲခြားဘဲ အုပ်ချုပ်သဖြင့် ပြည်သူအများ၏ ချစ်ခင်လေးစားမှုကို ရရှိကာ နိုင်ငံတစ်ဝန်းအေးချမ်းသာယာဝပြောလှသည်။ထိုဘုရင်မင်းမြတ်နှင့် မိဖုရားခေါင်ကြီးတွင်
သားတော် တစ်ပါးရှိလေသည်။
အိမ်ရှေ့စံအရာရထားပြီး ဖြစ်သော မင်းသားငယ်သည် ငယ်ရွယ်သော်လည်း ထက်မြက်ကာ
အလွန်ခန့်ညားလှသော ရုပ်ရည်ကြောင့် နိုင်ငံအတွင်း၌သာမက အိမ်နီးချင်းနိုင်ငံများအထိပါ နာမည်ကြီးလေသည်။"သားတော်"
အခမ်းအနားတက်ရန် ပြင်ဆင်နေသော သူ့ဆီရောက်လာတဲ့မယ်တော်ကြောင့် ဂါဝရပြုလိုက်ရင်း အထိန်းတော်ကြီးအား ထွက်သွားရန် အချက်ပြလိုက်သည်။
"မယ်တော် ထိုင်ပါဦး"
"အို မထိုင်တော့ပါဘူးကွယ် မယ်တော်က
သားတော်လေး အဆင်ပြေရဲ့လား လာကြည့်ရုံပါ"စည်းလက်စ လည်စည်းကို သပ်ရပ်အောင် စည်းပေးရင် ပြောလာသောမယ်တော်သည်
ဟီဆွန်းအတွက် အဆောင်အယောင်မပါတဲ့
မိခင်မေတ္တာတွေကို ပေးမြဲပင်ဖြစ်သည်။"ဒီတစ်ခါတော့ ကြင်ယာတော် ကျိန်းသေရွေးရမယ်နော်
အရင်တစ်ခါလို ပွဲထဲကနေ လစ်ပြေးဖို့မကြံနဲ့ ကြားလား""ဟုတ်ကဲ့ပါ မယ်တော်ရဲ့ သားတော်မလုပ်ပါဘူး"
ထိုအခါ မယ်တော်က အသာအယာပြုံးသည်။
ဟီဆွန်းအတွက်တော့ ဒီကမ္ဘာပေါ်တွင် မယ်တော်သည်သာ အလှဆုံးလို့ခံယူထားသည်မို့ ဘယ်မိန်းကလေးကိုမှ ထူးပြီး မခံစားမိချေ။"ကဲ ဒါဆို မယ်တော် သွားတော့မယ်
အခမ်းအနားပြီးမှ မယ်တော်ထပ်လာတွေ့မယ်
သားတော်ရွေးမယ့် ကြင်ယာတော်အကြောင်း သိချင်လို့""ဟုတ်ကဲ့ပါ မယ်တော်ရယ် စိတ်ချပါ"
မယ်တော်ထွက်သွားခါမှ မှန်ရှေ့၌ သူ့ကိုယ်သူပြန်ကြည့်ရင်း ဒီနေ့ အခမ်းအနားပြီးရင် အရင်ထက်ပိုတာဝန်ကြီးလာမယ့် သူ့ဘဝအတွက် သက်ပြင်းတစ်ခုချမိသည်။
YOU ARE READING
ROYAL CONSORT
FanfictionHEEJAKE Oneshot ရယ်လည်းမဟုတ်ပါဘူး ဒီတိုင်း စိတ်ကူးပေါက်ရာ လျှောက်ရေးထားတာ ><