{Unicode}
40 6 0
မိုးသားတို့အုံ့မှိုင်းနေပြီး နေရောင်ကွယ်နေတဲ့နေ့ အေးစက်စက်ရာသီဥတုမှာ တိမ်တိုက်ဝင့်လွှာ စာအုပ်ကလေးပိုက်လို့ ခြံထဲဆင်းလာသည်။ လွှာကစာအုပ်ဖတ်ရတာသိပ်ကြိုက်သည်။ စာအုပ်ကလေးတွေက လွှာရဲ့အဖော်ပဲ။ ဖေဖေနဲ့မေမေက လွန်ခဲ့တဲ့၂နှစ်ကပဲ လွှာ့ကိုထားသွားခဲ့တယ် လွှာကတစ်ဦးတည်းသောသမီးဆိုတော့ အိမ်မှာလွှာရယ် ငယ်ငယ်ကတည်းကအမေအရင်းလိုဖြစ်နေတဲ့ကြီးမေရယ်ပဲကျန်ခဲ့တယ်။ လွှာကအထွေထွေအထူးကုဆရာဝန်မလေး ဒီနေ့ဂျူတီoffမို့ အိမ်မှာအနားရနေတာဖြစ်သည်။ လွှာစာအုပ်ဖတ်နေချိန် အိမ်ထဲမှကြီးမေဆီကခေါ်သံကြားတာကြောင့်နားစွှင့်လိုက်သည်။
"သမီးရေ ဝင့်လွှာ ကြီးမေကို
လမ်းထိပ်ကပန်းဆိုင်မှာ နှင်းဆီပန်းစီးသွားဝယ်ပေးပါအုံး ခဏနေဆို ကြီးမေသူငယ်ချင်းဆီသွားရတော့မယ်"
"ဟုတ်ကဲ့ကြီးမေ"
လွှာအိမ်ထဲကိုဝင်လိုက်ပြီး စာအုပ်ကလေးကိုကြီးမေဆီပေးပြီး လမ်းထိပ်ကိုထွက်လာလိုက်သည်။ လွှာတို့လမ်းထိပ်မှာ ပန်းဆိုင် အသေးစားလေးဖွင့်ထားတာ မကြာသေးခင်ကပဲဖြစ်သည်။ ပန်းဆိုင်ကအရမ်းမကျယ်သော်လည်း ပန်းမျိုးစုံသည့်အပြင် အပြင်အဆင်လဲ လှသည်။ ကြီးမေကတော့ တစ်ခုခုဆို အဲဒီ့ဆိုင်ကဝယ်ရမှ အဆင်ပြေသလိုတောင်ဖြစ်နေပြီ။
လွှာဆိုင်ထဲဝင်လိုက်တော့ ပန်းအမျိုးစားအများပြားကို သေသပ်လှပစွာခင်းကျင်းထားသည်။ ဆိုင်လေးက သေးငယ်ပေမဲ့ ကြည့်ရတာမျက်စိပဒေသာရှိလှသည်။ ထိုစဥ်ဆိုင်နောက်ဘက်မှ ဖြူလွှလွှပုံရိပ်ကလေးထွက်ပေါ်လာပြီး လွှာအနားရောက်လာသည်။
"ဘယ်ပန်းအမျိုးစားလိုချင်ပါသလဲရှင့်"
သာယာစွာထွက်ပေါ်လာတဲ့ချိုသာတဲ့အသံလေးကြောင့် လွှာလှည့်ကြည့်လိုက်တော့ ဆံမိတ်ကလေးချထားပြီး ဖြောင့်စင်းနေတဲ့ဆံနွယ်တွေကခါးထိရှည်ကာ ထုံးဖွဲ့ချည်နှောင်ခြင်းမပြုပဲချထားသည်။ မို့ဖောင်းဖောင်းပါးလေးနှစ်ဖက်က ပန်းနုရောင်သန်းနေပြီး တောက်ပတဲ့မျက်ဝန်းတစ်စုံကို ကော့ညွှတ်နေတဲ့ မျက်တောင်ရှည်ရှည်တွေကဝန်းရံထားသည်။ နှာတံလုံးလုံးကလေးနှင့် နှင်းဆီရောင်နှုတ်ခမ်းမထူမပါးလေးကိုပိုင်ဆိုင်ထားတဲ့ ကောင်မလေးက လွှာကိုနူးညံ့စွာပြုံးပြနေသည်။
တိမ်တိုက်ပေါ် မျောလွင့်လာသော ဆာကူရာ(တိမ်​တိုက်​​ပေါ် ​မျောလွင့်​လာ​သော ဆာကူရာ)Where stories live. Discover now