HYACINTH

4.2K 409 77
                                    

Unicode

ရေစုန်တွေ ဆန်ခဲ့သည်ရှိသော်..
ရာသီတွေ နောက်ပြန်လှည့်ခဲ့သည်ရှိသော်....
ကြွေသွားသည့်ကြယ်စင် ပြန်လည်တည်ရှိခဲ့သည်ရှိသော်...
ထို့နေ့...
ထို့ကဲ့သို့သောနေ့မျိုးရှိခဲ့လျှင်တော့...ကျွန်တော်သူ့ကိုထပ်ချစ်ပေးနိုင်ရန်ကြိုးစားပေးမည်။

ခက်တာက နှလုံးသားက ဦးနှောက်လို မပြတ်သားတာပဲ...။

HYACINTHပန်းလေးကပြောတယ်...
ကျေးဇူးပြုပြီး ငါ့ကိုခွင့်လွှတ်ပေးပါတဲ့..
.............

တိတ်ဆိတ်လွန်းလှသည့် ရပ်ကွက်လေးတစ်ခုတွင်
ဂျစ်ကားလေးတစ်စီးနှစ်စီး၏ဖျက်သွားသံကိုသာ ကြားနေရသည်..။
တိတ်ဆိတ်နေသော လူနေမှုပုံစံနှင့် သပ်သပ်ရပ်ရပ်ဆောက်လုပ်ထားသည့် အိပ်ငယ်လေးများက
ထိုနေရာလေး၏ အဆင့်အတန်းကိုဖော်ပြနေသည်..။

"ဟင်းးး"

လေးတိလေးနွဲ့ချလိုက်သည့် သက်ပြင်း၏နောက်တွင်
အေးစက်စက်လေထုက
မျက်နှာကိုတိုးဝှေ့လာခဲ့သည်မှာအလုအယက်..။
သူ့စိတ်အခြေအနေနှင့်အပြိုင်
အုံမှိုင်းနေသည့် မိုးကောင်းကင်အခြေအနေကြောင့်
ဖတ်လက်စစာအုပ်လေးအား ပိတ်လိုက်ကာ ခြံထဲမှအိမ်အတွင်းသို့ ဝင်လာရတော့သည်...။

ပေနှစ်ဆယ်ပတ်လည်ခြံထဲတွင် ဆောက်လုပ်ထားသည့်
တစ်ထပ်တိုက်ပုလေးက
သူ့တစ်ယောက်နေထိုင်ရန်အတွက် လုံလောက်သည်ထက်ပင်ပိုသည်..။
လူတိုင်းက ရာထူးအာဏာများနှင့်ကြီးကြီးတက်ချမ်းသာနေချိန်တွင်
သူကတော့
တစ်ဝမ်းတစ်ခါးစိတ်ပူစရာမလိုသည့် ယခုလိုသာမန်ဘဝလေးကို နှစ်ခြိုက်သည်..။

စာအုပ်လေးအား စာအုပ်စင်ပေါ် သပ်သပ်ရပ်ရပ်တင်ပြီးနောက်
ဗိုက်ဆာဆာရှိသည်မလို့
ရေခဲသေတ္တာလေးဖွင့်ကြည့်လိုက်တော့လည်း ပြောင်သလင်းခါနေသည့်
ရေခဲ့သေတ္တာက သူ့အားနှုတ်ဆက်နေပြန်၏..။

သူစားစရာတွေဝယ်ရဦးမည်ပဲ...။

နောက်ဆုံးနံရံကပ်ဗီဒိုလေးအားဖွင့်ကြည့်လိုက်မှ
နှစ်ထုပ်သာကျန်တော့သည့် ခေါက်ဆွဲခြောက်ထုပ်လေးကိုတွေ့လိုက်ရသည်....။
ကြည့်ရတာ ဒီနေ့လည်းခေါက်ဆွဲနှင့် စခန်းသွားရဦးမည့်ပုံပင်..။

ΗⲨ𝔸𐊢Ɩ𝑵𝚃Η //Complete//Where stories live. Discover now