Part-9🌨☄💫(part-2)

251 30 26
                                    

ပြတင်းပေါက် မှန်ကို ကြည့်နေရင်း မြင်လိုက်ရတာက ရောင်စူံတောက်ပနေတဲ့ တိမ်လှလှလေးတွေ....

V's pov:အို...တိမ်လေးတွေက လှလိုက်တာ...

တိမ်လေးတွေကို သဘောတကျ ပြုံးပြီး ကြည့်နေရင်းက တွေ့လိုက်ရတာက Park Jiminလေးကို...ထယ်ယောင်းမယုံနိုင်စွာ မျက်လုံးကို လက်နဲ့ပွတ်ပြီး ကြည့်ပြန်တော့လည်း အသေအချာကို သူ့ရဲ့ ယခုတင် အိပ်မက်ထဲမှာ ချစ်သူဖြစ်လာတဲ့ ဂျီမင်စစ်စစ်.....တိမ်လေးတွေပေါ်မှာ ရယ်ပြုံးကာ ထိုင်နေပြီး သိပ်ပျော်နေဟန်....

V:ဂျီ....ဂျီ

ဂျီမင်က တဖြည်းဖြည်းနဲ့ ထယ်ယောင်းဆီ နီးနီးလာပြီး နောက်ဆုံး သူနေတဲ့ အဆောင်ရဲ့ အပေါ်ထပ်ဘက်ကို တိမ်လေးနဲ့ တိမ်လေးပေါ် ထိုင်နေတဲ့ ဂျီမင်က
တက်သွားတော့တယ်။

" အပေါ်ဆုံးထပ်ကို တက်လာလိုက် အ့မှာ ဂျီရှိတယ် "ဆိုတဲ့ စကားကို ပြန်ကြားယောင်မိပြန်တော့ ဒါဟာ သေချာပေါက်ကို ဂျီလို့ ထယ်ယောင်းတွေးလိုက်တယ်။ ဘာလုပ်ရမလဲ စဥ်းစားတဲ့အခါ....သူချစ်မိနေတဲ့ ဂျီမင်ရှိရာကို သွားဖို့ သူဆုံးဖြတ်လိုက်တာပေါ့.....ချက်ချင်း နန်းတော်ဆောင်ရဲ့ တံခါးကို ဖွင့်လိုက်ပြီး နန်းဆောင် အပြင်ကို ပြေးထွက်လိုက်သည်။ ကံကောင်းချင်တော့ နန်းဆောင်ဝမှာ အိမ်ရှေ့စံလေးရဲ့ အစောင့်တွေ၊ ကိုယ်ရံတော်တွေ ရှိမနေပါ။ အိမ်ရှေ့စံလေးဟာ ယနေ့ အရှေ့ဘက် နယ်မြေကို စစ်ဆေးရေးသွားရတာကြောင့် ညဥ့်နက်မှ ပြန်ရောက်မည်ဖြစ်သည်။ အိမ်ရှေ့စံလေးက သူမရှိနေပဲနဲ့ သူ့နန်းဆောင်မှာ အစောင့်တွေ ချထားတယ်ဆို ဘုရင်လေး သံသယဝင်သွားမှာ စိုး၍ အစောင့်တွေကို မချထားခဲ့တာဟာ ထယ်ယောင်းအတွက် ဂျက်ကောင်းတစ်ခု...အပေါ်ထပ်ကို ပြေးတက်သွားလိုက်သည်။ အပေါ်ထပ်မှာလည်း အစောင့်တွေ ရှိမနေ။ ဘုရင်လေးသည် တိမ်တွေ ထွန်းပြီးပြန်လာရင် အိပ်ဖို့လုပ်ထားတာကြောင့် အစောင့်တွေ မချထားတော့တာဖြစ်သည်။ ထယ်ယောင်းက အပေါ်ထပ်ကို လှေကားထစ်တွေအတိုင်း တက်သွားလိုက်တဲ့အခါ....တွေ့လိုက်ရပါသော အဖြူရောင်လူသားငယ်...တိမ်တွေပေါ်က ဆင်းလာကာ အခန်းဆီသို့ သွားတော့မည့် ထိုလူသားငယ်ရဲ့နားကို ပြေးသွားလိုက်ပြီး

Utopia(ညအလင်းတောက်တိမ်ပုံပြင်)Nơi câu chuyện tồn tại. Hãy khám phá bây giờ