uni
ပိတောက်တွေက ကြွပ်ဆတ်တယ်။ အထိခိုက်မခံဘူး။ နှလုံးသားလေးလိုပဲ။သူ့အသက်၂၀ပြည့်တဲ့အရွယ်မှာ အချစ်ကို ရှာတွေ့ခဲ့တယ်။ ကြွပ်ဆပ်တယ်။ အထိခိုက်မခံဘူး။ ပိတောက်တွေလိုပဲ။
******
မြူးကြွတဲ့တေးသံ*** ပြန့်လွှင့်လို့နေ*** ကူးပြောင်းစတန်ခူးလေမှာ***
တစ်ယောက်တစ်လှည့်မို့လှမ်းကာ*** ဖြန်းပက်ကြစဉ်***
ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ***သင်္ကြန်အကြိုနေ့။
မနက်မိုးလင်းတည်းက မောင်တစ်ယောက် ချွေးတလုံးလုံးနဲ့ဖြစ်နေရတယ်။ တန်ခူးနွေမို့ ရာသီဥတုမှာ မနက်မိုးလင်းထဲက အိုက်စပ်စပ်။ မနေ့ညက ရွာထားတဲ့မိုးကြောင့် ပတ်ဝန်းကျင်မှာ မြေသင်းနံ့ဟာ သင်းနေတယ်။
ရပ်ကွပ်ထိပ်က မဏ္ဍပ်က မိုးတောင်မလင်သေး ဘောက်ပေါ်ဘောက်ဆင့်ပြီး သင်္ကြန်မိုးသီချင်းကို မိုင်ကုန်ဖွင့်ထားတယ်။ ပုံမှန်ဆို အဲ့လိုဆူဆူညံညံအသံတွေကြားရင် သည်းမခံနိုင်အောင် ဒေါသထွက်ပေမဲ့ အဲ့ထဲမှာ သင်္ကြန်ကာလတော့ မပါဘူး။ သင်္ကြန်မှာ ဘာပဲဖြစ်ဖြစ်သူခွင့်လွှတ်နိုင်တယ်။
ဒီသင်္ကြန်သီချင်းသံက April Born မောင့်အတွက် ကဲချင်တဲ့စိတ်ကိုသာ ဖြစ်ပေါ်စေပါတယ်။
"ဟဲ့... မောင် အစောကြီးရှိသေးတဲ့ဟာ ခုကတည်းက ဘယ်လဲ"
ဘယ်ကတည်းက မောင့်ကိုချောင်းနေမှန်းမသိတဲ့ ကြီးကြီးမေက အတာအိုးအလွတ်တစ်လုံးပိုက်ရင်း အနားလာရပ်တယ်။
"ရပ်ကွက်ထိပ်က မဏ္ဍပ်မှာ သွားဆော့မလို့"
"မိုးတောင်မလင်းသေးတဲ့ဟာကို... ခက်သျှားမောင်တို့ကတော့ မကြီးမငယ်နဲ့"
အပျိုကြီးတွေက တအားပါးစိပါးစပ်များတယ်ဆိုတာ တကယ်မှန်တယ်။ မနက်၇နာရီက မိုးမလင်းသေးတာလား။ မောင့်မျက်နှာ ဆူပုတ်လာတော့
"တကတည်း၊ သွားမယ်ဆိုလည်း ကြွ ဟေး။ မသွားခင်တော့ ငါ့ကို ပိတောက်တစ်ခက် ခူးပေးသွားဦး။ အတာအိုးထိုးမို့"
ဒီလိုနဲ့ မောင် ခေါင်းရင်းခြံကို ပိတောက်ခူးဖို့ ဝင်လာခဲ့မိတယ်။

YOU ARE READING
ပိတောက်တစ်ခက် မောင့်တစ်သက် {One~Shot}
Krótkie Opowiadaniaမွေးနေ့လက်ဆောင်ပါ။ အစက baby breath's book publish house ကထုတ်မဲ့ Os collectionထဲပါ၀င်လာမဲ့ Osတစ်ပုဒ်ပါ။ စာအုပ်လေးက အကြောင်းအမျိုးမျိုးကြောင့် နောက်ဆုတ်သွားတော့ မွေးနေ့လက်ဆောင်အဖြစ် ဖောင်ဒါဆီကခွင့်တောင်းပြီး တင်ပေးလိုက်ပါတယ်။