(Unicode)လောလောလတ်လတ် အိမ်ပေါ်ကမောင်းချခံထားရတော့ နေစရာနေရာမရှိတာကြောင့် သူငယ်ချင်းဖြစ်သူTaehyung အိမ်မှာပဲ သောင်တင်နေသည်မှာ တစ်ပတ်နီးပါးရှိနေလေပြီး။
Taehyungအိမ်မှာက အမြဲနေလို့တော့ဘယ်ရမလဲလေ။အခုသူ့မိဘတွေကလည်း Japan ကိုခဏအလည်သွားတာနဲ့ကြုံလို့သာပေါ့။နောက်တစ်ရက်နှစ်ရက်လောက်ဆို ပြန်လာမှာဆိုတော့ သူအခန်းရှာမှဖြစ်မည်လေ။
Taehyungကတိုက်ခန်းတွေဘာတွေစုံစမ်းပေးပေမယ့် စျေးကသူမနိုင်သည့်အနေအထားမှာဖြစ်နေသည်။
နောက်ထပ်တစ်ရက်ကြာတော့ စျေးသက်သက်သာသာ အခန်းတစ်ခုတွေ့ထားသည်ဟု Taehyungကပြောလာတော့ ကျွန်တော့်မှာ ဝမ်းသာအားရနဲ့ပေါ့။သို့သော်ခြွင်းချက်တော့ရှိတယ်ဟု Taehyung က ကျွန်တော့်ကိုပြောလာတော့ မျက်နှာရှုံ့မဲ့ရင်း သူပြောလာမယ့်စကားကို အာရုံစိုက်နေမိသည်။
နောက် အဲ့ဒီသူငှားမယ့်အရှေ့အခန်းကလူက ထောင်ထွက်တစ်ယောက်ဖြစ်တဲ့အကြောင်း။
လူသတ်မှုနဲ့ထောင်ကျတဲ့အကြောင်း။ပြီးတော့ သူသတ်လိုက်တဲ့လူက အခုသူငှားနေမယ့် အခန်းရဲ့အရင်ပိုင်ရှင်ဖြစ်တဲ့အကြောင်းပေါ့။မှုခင်းဖြစ်ခဲ့တာကလည်း အဲ့ဒီတိုက်ခန်းမှာပဲတဲ့လေ။သို့လောသို့လော အကြောင်းအရာတွေကြောင့် တွေဝေသွားပေမယ့်လည်း မတတ်နိုင်။ဒီလိုစျေးသက်သက်သာသာနဲ့ရဖို့ကလည်းခပ်ရှားရှားလေ။
ကိုယ့်ဟာကိုယ်သတိနဲ့နေမယ်လို့ပဲ ဆုံးဖြတ်ရင်း တိုက်ခန်းငှားဖို့ ဆုံးဖြတ်လိုက်တယ်။_______________________________________
အရှေ့ခန်းကလူကို ပထမဆုံးတွေ့တော့ Jimin ကောက်ချက်ချလိုက်သည်ကား
ထိုလူဟာ ချောသည်ခန့်သည်။
မျက်နှာပေါက်က ခပ်တန်းတန်းဖြစ်နေပေမယ့် အတွင်းစိတ်ကမဆိုးလောက်ပါဘူးဟုသူခန့်မှန်းလိုက်သည်။တဖြည်းဖြည်းနဲ့ Yoongiဆိုတဲ့လူကို သူပိုစိတ်ဝင်စားလာသည်။
အနေနီးလာတဲ့အလျောက်ဒီလူဟာ စိတ်နှလုံးနွေးထွေးတဲ့လူတစ်ဦးဆိုတာကို တဖြည်းဖြည်းသိမြင်လာရသည်။ပြီးတော့ Min Yoongi ဆိုတဲ့လူကို စိတ်ဝင်စားရာကနေ ချစ်မိသွားတဲ့အဆင့်ကိုရောက်နေပြီးလေ။