🌼6🌼

239 60 5
                                    

[For Unicode]

"ထကြတော့! စော‌စောထရင် ငါတို့ဒီကနေ မြန်မြန်ထွက်လို့ရတယ် သူတို့က မနက်ပိုင်းဆို သိပ်မြင်ရတာမဟုတ်ဘူး ငါတို့အဲ့ဒီအခွင့်အရေးကို အသုံးချရမယ်!"

ဆော့ဂျင်က ကျွန်တော်တို့ကိုနှိုးတော့ လူတိုင်းအိပ်မှုံစုန်ဝါးနဲ့ထလာကြပြီး ပစ္စည်းတွေကိုသိမ်းကာ အဆောက်အုံထဲကနေ ထွက်မလို့ ပြင်ဆင်ကြတော့သည်။

"မင်းတို့လက်နက်တွေကို အဆင်သင့်ပြင်ထား လိုအပ်တာနဲ့ပစ်ဖို့ ဝန်မလေးနဲ့ ဒါပေမယ့် အသိုက်တစ်ခုလုံး နှိုးအောင်တော့ မလုပ်နဲ့ပေါ့" နမ်ဂျွန်းကရှင်းပြသည်။

"ပြီး‌တော့ငါတို့ ကားဆီတန်းသွားကြမယ် ဘာပဲဖြစ်ဖြစ် ကားပေါ်ရအောင်တက်! ကားနဲ့မသွားရရင် ငါတို့ရိက္ခာတွေကုန်ပြီး အင်ချွန်းကို အသက်ရှင်ရက်နဲ့ ရောက်နိုင်မှာ မဟုတ်ဘူး"

အကုန်လုံးက နမ်ဂျွန်းပြောတာကို ခေါင်းညိမ့်ကြသည်။ သူတို့လက်ထဲမှာလည်း လက်နက်တွေကိုယ်စီနဲ့ အဆင်သင့်ဖြစ်နေကြပြီ။

"ခ‌ဏလေး! ငါ ယွန်းဂီကို သွားခေါ်လိုက်ဦးမယ်" ယွန်းဂီဆီသွားမလို့လုပ်စဉ် နမ်ဂျွန်းက ကျွန်တော့်လက်ကို ဆွဲကာတားသည်။

"ဘာလဲ?" ကျွန်တော်သူ့ဘက်ပြန်လှည့်ကာ စိတ်ရူပ်သွားတဲ့အမူအရာနဲ့ ကြည့်လိုက်သည်။

"ငါတို့အစကတည်းက မင်းကိုပြောချင်နေတာ ငါတို့...သူ့ကို ငါတို့နဲ့အတူတူခေါ်သွားလို့ မဖြစ်ဘူး" ထိုစကားကြောင့်ကျွန်တော်မျက်လုံးအပြူးသားဖြစ်သွားသည်။

"ဒါပေမယ့် သူ...သူ ကောင်းနေပြီ မနေ့..မနေ့ကတောင် သူ..."

"ဂျောင်ကု ငါတို့မင်းကို နားလည်တယ် ဒါပေမယ့် မင်းအမှန်တရားကို လက်ခံဖို့အချိန်တန်ပြီ ထင်တယ် အဲ့ဒါက အခုပဲ"ဂျီမင်းက ကျွန်တော့်ပုခုံးကို ပုတ်ကာ နှစ်သိမ့်သည်။

"ကူးစက်ခံရတဲ့သူကို ငါတို့နဲ့အတူတူ တစ်သက်လုံး ခေါ်သွားလို့မရဘူး အရမ်းအန္တရာယ်များတယ်...ငါတောင်းပန်ပါတယ် ဂျောင်ကု"

"柾国是对的,我昨天晚上见过他.他有两只棕色的眼睛, 行为完全正常 (အစ်ကိုဂျောင်ကုပြောတာမှန်တယ် သမီး သူ့ကိုမနေ့ညက ပုံမှန်အတိုင်း အညိုရောင်မျက်လုံးတွေနဲ့ တွေ့လိုက်တယ်)" ယုံချီက ကြိုးစားပြောပေးပေမယ့် နမ်ဂျွန်းကတော့ သက်ပြင်းချဆဲ။

NOT THE ENDWhere stories live. Discover now