warning : age gap
အသက် 20 ကျော်ကွာတာမို့ take it at your own risk ပါMoments - Christopher
⇄ ◃◃ ⅠⅠ ▹▹ ↻ဆောင်းဦးရဲ့ မြူရနံ့က သင်းကြိုင်နေတယ်။
ဒီချိန်ဆို တောင်ကိုရီးယား တခွင်လုံး အလုပ်ရှုပ်ဆုံးအချိန်လည်း ဖြစ်တာမို့ လေထုက မသန့်စင်ရင်တောင် အေးနုနုနှင့် ခြောက်ကပ်နေတဲ့ လေက လတ်ဆတ်တယ်လို့ ဆိုနိုင်တယ်။လေယာဉ်ပေါ်က ဆင်းဆင်းချင်းပဲ ဂျုံဆောင်း တစ်ယောက် ပင့်သက်ရှိုက်လိုက်တယ်။ ရှူရှိုက်ရတဲ့ လေချင်းတူပေမဲ့ မွေးရပ်မြေရဲ့ လေဓာတ်သတ္တိကိုတော့ ဘယ်နိုင်ငံကမှ မီမယ်မထင်ဘူး။ ဂျုံဆောင်းအနေနဲ့ ဒီနိုင်ငံကို ခြေချဖြစ်ခဲ့တာ ၂၅ နှစ် ကြာပြီးတဲ့နောက်မှာ ပထမဆုံးအကြိမ်ပါပဲ။ အတိတ်က ကစားပွဲတစ်ခုမှာ ရှုံးနိမ့်ခဲ့ခြင်းက အရှက်ရခြင်းနဲ့အတူ ဒီ နိုင်ငံကနေ ထွက်ခွာသွားဖို့ အကြောင်းပြချက် ဖြစ်ခဲ့ဖူးတယ်။ အဲ့ကစားပွဲမှာ ဂျုံဆောင်း အပြင် အချစ်ရဆုံး သူငယ်ချင်းက ပြိုင်ဘက်အနေနဲ့ ပါဝင်ခဲ့ဖူးပြီး "အချစ်နှင့် စစ်၌ မတရားဟူသည် မရှိ"ဟူသော စကားရပ်ကို ကိုင်ဆွဲကြရင်း အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ကြတဲ့အထိ နှစ်ဦးစလုံးရဲ့ နှလုံးသားတွေကို လောင်းကြေးထပ်ခဲ့ကြဖူးတယ်။
ဂျုံဆောင်းက နေကာမျက်မှန်ကို သူ့ရဲ့ ရွှေအိုရောင်ဆံပင်တွေထဲမှာ စိုက်ထားလိုက်တယ်။ မီးခိုးရောင် အပျော့သား ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး နေရောင်ကြည်ကြည်အောက်မှာ ဝင်းဖန့်နေတဲ့ ပျားရည်ရောင် အသားအရည်ကို ပေါ်လွင်စေဖို့ အင်္ကျီလက်ကို တံတောင်ဆစ်ထိ ဆွဲတင်ထားတယ်။ ဗြက်ကျယ်တဲ့ လည်ပင်းပေါက်က သူ့ရဲ့ ညှပ်ရိုးကြီးကြီးတွေကို ထင်းနေအောင် မြင်နေရစေတယ်။ ပုခုံးထက်မှာ လယ်သာ ဘေးသိုင်းလွယ်အိတ်ကို ကြိုးခပ်တိုတိုဆွဲ လွယ်ထားပြီးတော့ လက်မှာတော့ ငွေရောင်ဒိုင်ခွက်ခပ်ကြီးကြီး နာရီတစ်လုံးကို ငွေရောင်ချိန်းကြိုးနဲ့အတူ ရောပတ်ထားတယ်။ အခု သူ့ပုံစံကိုကြည့်မယ်ဆိုရင် အိုဟိုင်းနေတဲ့ ၄၀ကျော် ဘဲကြီးအစား အသက် ၂၅နှစ်အရွယ် ခပ်မိုက်မိုက် ကောင်လေးတစ်ယောက်လားလို့တောင် အထင်လွဲရလောက်တဲ့အထိပဲ။ ပျိုမြစ်ခြင်းရဲ့ အကြောင်းကတော့ ဒီနေ့ဒီချိန်ထိ ပိုင်ရှင်မရှိ လူပျိုကြီးဖြစ်နေရခြင်းရဲ့ အကျိုးကျေးဇူးဖြစ်နိုင်ပါရဲ့။
YOU ARE READING
sorry bro, you're my father-in-law [ jaywon ]
Fanfictiona jaywon fiction written in Burmese (special ft. Jake)