The only lover
တစ်နေ့သောမနက်ခင်းတစ်ခုတွင်ဒေါ်မေတစ်ယောက်သူရဲ့အချစ်ဆုံးသားလေးကိုနောက်ဆုံးနှစ်ရဲ့ပထမဆုံးကျောင်းတက်ရက်မို့ကျောင်းနောက်ကျမှာစိုးလို့ လာနိုးလေသည်
ဒေါ်မေ:သားလေးရေ ........သားလေး....
Gulfတစ်ယောက်ကျောင်းတက်ရမှန်းသိသော်လည်းထရပျင်းနေတာနဲ့မြုံပြီးအိပ်နေလိုက်သည် ဒေါ်မေလည်းသူနိုးနေတာမထလာဘဲ့ဆက်အိပ်နေတာကြောင့်အခန်းထဲဝင်လာပြီးလာနိုးလေသည်
ဒေါ်မေ:ဟဲ့သား gulf kanawutကျောင်းသွားရမှာကိုဘာလို့အခုထိမထဘဲနေနေတာလဲ ထထမြန်မြန် အဝတ်အစားလဲပြီးအောက်ဆင်းခဲ့မနက်စာစားမို့စောင့်နေမယ်
Gulfတစ်ယောက်ကတော့မထချင်ထချင်နဲ့ထလိုက်ရသည် ရေချိုးအဝတ်အစားလဲကာ အောက်ထပ်ကိုဆင်းလာလိုက်သည် အောက်ရောက်တော့သူ့အမေကထမင်းစားဝိုင်းမှာစောင့်နေသည်မို့သူဝင်ထိုင်လိုက်ပြီး
ဒေါ်မေ:မြန်မြန်စားသားလေး ကျောင်းနောက်ကျမယ်
Gulf:အရင်ကလည်းနောက်ကျမှသွားနေတာဘဲ့ကို အမေကလည်း
ဒေါ်မေ:အရင်ကနဲ့အခုကမတူတော့ဘူးလေ အခုကနောက်ဆုံးနှစ်ရောက်နေပြီလေ နင်အခုထိပျင်းနေတုန်းလား
Gulf:အမေကလဲ.....
ဒေါ်မေ:အမေကမလဲနဲ့ မြန်မြန်စား ပြီးကျောင်းသွားတော့နောက်ကျနေလို့မဖြစ်ဘူး
Gulf:ဟုတ်
သူလည်းမနက်စာစားပြီးကျောင်းသို့ထွက်လာလိုက်သည်ကျောင်းရောက်တော့Noနဲ့champကအပေါက်ဝမှာရပ်ကာစောင့်နေကြသည်
No:လာပြီလားသူငယ်ချင်းလေး
Gulf:အေး မင်းတို့ရောက်တာကြာပြီလား
Champ:သိပ်တော့မကြာသေးဘူး မင်းရောက်ဘာလို့နောက်ကျနေတာလဲ
No:မင်းကလဲသူ့အကြောင်းသိရဲ့သားနဲ့
Champ:မင်းကနောက်ဆုံးနှစ်ရောက်တာတောင်ပျင်းနေတုန်းဘဲ့ပေါ့
Gulf:အဲလောက်လဲမဟုတ်ပါဘူး
No:မင်းထက် champကပိုအပျင်းကြီးတယ် ဟားဟား champကNoရဲ့ခေါင်းကိုရိုက်ချလိုက်သည်
Champ:အေး မင်းလည်းအတူတူဘဲ့No
No:အိုဟို နာလိုက်တာသူငယ်ချင်းရယ်
Gulf:အရိုက်ခံရတာတောင်နည်းသေးတယ်
No:မင်းးးး
Noရိုက်မလို့ချိန်နေတုန်း gulfပြန်ရိုက်လိုက်သည်
Champ:အိုင် Noမင်းငါတို့ကိုမနိုင်ပါဘူးကွာ
No:အေး တစ်နေ့ကျရင်မင်းတို့ကိုနိုင်အောင်လုပ်ပြမယ်
Gulf:အဲနေ့ရောက်လာမယ်မထင်ဘူး
Champ:အေးနော် မင်းအဲစကားပြောနေတာပထမနှစ်ကတည်းကအခုနောက်ဆုံးနှစ်ရောက်လာပြီအခုထိငါတို့ကိုမနိုင်သေးဘူးလေ
No:မင်းးးတို့........
Noတစ်ယောက်စိတ်ဆိုးပြီးထွက်သွားသည်
Gulf:မင်းပြောလိုက်တာ ဟိုကောင်စိတ်ဆိုးသွားပြီထင်တယ်
Champ:မင်းရောပြောတာပါတယ်လေ ငါတစ်ယောက်ထဲမဟုတ်ဘူး ဟားဟား
နှစ်ယောက်သားစကားတစ်ပြောပြောနဲ့ကျောင်းထဲဝင်လာလိုက်ကြသည်