အရာအားလုံးက Wechat မှ message တစ်စောင်ဖြင့် စခဲ့သည် ။
Wang Yibo - [ ကျန့်ကော ဝေ့ဝူရှန့်က ကျွန်တော့ရဲ့ဓားနဲ့ ဘာလုပ်ခဲ့လဲ သိလား ]
ရှောင်းကျန့်သည် သူ့လက်ထဲမှ ဖုန်း၏ တုန်ခါမှုကို ခံစားလိုက်ရသောကြောင့် ဖွင့်ကြည့်လိုက်သည် ။
လက်ရှိသူသည် Burial Mound ရဲ့ shooting တွင်ရှိနေပြီး ဝမ်ရိပေါ်ကတော့ Day Day Up အစီအစဥ်ကို ရိုက်ကူးနေသည်။
မိုင်ပေါင်းများစွာ ဝေးကွာတာတောင်မှ သူ အလုပ်ရော လုပ်ရဲ့လား အံ့သြမိသည်အထိ သူ့၏ တည်ရှိမှုကို ရှောင်းကျန့်၏ notification အများစုတွင် နေရာယူထားသည် ။
ဝမ်ရိပေါ်ဆီက message ကို ဖတ်ပြီးသည်နှင့် ရှောင်းကျန့် စိတ်ပျက်လက်ပျက် reply ပြန်လိုက်သည် ။
Xiao Zhan - [ သုံးသေးတာလား ? ]
သူက အရမ်းရီရတာကြောင့် ဝမ်ရိပေါ်ဖက်မှ ပုံပို့လာတိုင်း ရှောင်းကျန့် အကြာကြီး စောင့်မနေပဲ ဖွင့်ကြည့်လိုက်သည် ။
နောက်ဆုံးတစ်ခေါက်ကဆိုရင် သိုးတွေရဲ့ အမွှေးတွေအကြောင်း Rossi ရဲ့ နောက်ဆုံးပွဲ ရလဒ်တွေအကြောင်းဖြစ်နေသည်။ ဒီတစ်ကြိမ်မှာလည်း ဘာမှ မဖြစ်လောက်ဘူး အထင်နဲ့ ရှောင်းကျန့် ဖွင့်ကြည့်လိုက်သည် ။
လက်ရှိ သူတို့ရိုက်နေတဲ့ ဇာတ်ကားထဲက ဇာတ်ကောင် ဝေ့ဝူရှန့်ဆိုတဲ့ နာမည်ကို မြင်တော့ ရှောင်းကျန့် စတင်နောင်တရလာသည။
ရှောင်းကျန့်သည် ၀တ္ထုတစ်ခုလုံးကို ဖတ်ပြီးသွားပေမယ့် extra chapter တွေကိုတော့ အချိန်မရသေး၍ မဖတ်ရသေးပေ ။
ပထမ စာကြောင်းကို ဖတ်လိုက်တာနဲ့ပဲ ရှောင်းကျန့် အရမ်းအံ့အားသင့်သွားပြီး မျက်နှာတွေ ရဲလာသည်။ သူ့လက်ချောင်းတွေက အလျှင်အမြန် X button ကို မနှိပ်ခင်မှာပဲ ကျန်စကားလုံးများက သူ့ဆီသို့ ပြတ်ပြတ်သားသား ခုန်ဆင်းလာသည် ။
ရှောင်းကျန့်သည် ညစ်ညမ်း စာပေများကို လူမသိအောင် ခိုးဖတ်နေသော ကောင်လေးတစ်ယောက်ကဲ့သို့ စိတ်မလုံစွာ ဘေးဘီကို ကြည့်မိသည်။ ကံကောင်းစွာပဲ သူ့နားမှာ တစ်ယောက်မှ ရှိမနေ ။
YOU ARE READING
Hand to dick ratio
Fanfictionအရာအားလုံးက Wechat မှ message တစ်စောင်ဖြင့် စခဲ့သည် Wang Yibo - [ ကျန့်ကော ဝေ့ဝူရှန့်က ကျွန်တော့ဓားနဲ့ ဘာလုပ်ခဲ့လဲ သိလား ] i dun own the story just translation all credits to the original author