Chapter-1

11.9K 462 40
                                    

Uni

"ကွာရှင်းမယ်..."

တစ်ယောက်နဲ့တစ်ယောက် ကျောပေးပြီးရပ်နေတဲ့ လူနှစ်ယောက်ဆီက တစ်ပြိုင်နက်တည်း ထွက်လာတဲ့စကားသံက ခပ်ပြတ်ပြတ်ရယ်။ နှစ်ယောက်လုံးရဲ့ မျက်နှာတွေဟာလည်း တည်တင်းလို့် ဆုံးဖြတ်ချက်ပြတ်သားနေသည့်အတိုင်း။

"အလကား အသုံးမကျတဲ့လူ"

"ဟေ့ ဒီမှာ မင်းဘာမှငါ့ကိုလာဆဲနေစရာမလိုဘူး .. ဒါတွေအားလုံး မင်းကြောင့်ဖြစ်ရတာ"

ရိပေါ်မဲ့ယွဲ့လို့ ပြောလိုက်တဲ့စကားကို ရှောင်းကျန့်ကချက်ချင်းဆိုသလို မကျေမချမ်းတုံ့ပြန်သည်။ အမှားလုပ်တဲ့သူကတစ်ပြန် စွပ်စွပ်စွဲစွဲ ပြောနေပြန်တာကြောင့် ရိပေါ်ဟက်ခနဲရယ်လိုက်ရင်း

"ခင်ဗျား သစ္စာဖောက်တာလည်းထည့်ပြောဦးမှပေါ့"

"ဝမ်ရိပေါ် မင်း ..."

"ဘာလဲ ဘာလုပ်ချင်လို့လဲ ထိရဲရင်ထိကြည့်လိုက်စမ်းပါ.. "

ထိကြည့်စမ်းသာဆိုတယ် သူကချည်းရှောင်းကျန့်ရဲ့ပခုံးကို တွန်းတိုက်နေတာမို့ အိမ်လယ်ခန်းကနေ အိမ်ဝပင်ရောက်လုနီးနီး။ ဝမ်ရိပေါ်ကိုသူစိတ်ကုန်တဲ့အထဲမှာ တစ်ဆိတ်ရှိ အဲ့လိုလက်ပါ ခြေပါ တစ်ကိုယ်လုံးပါတတ်တဲ့အကျင့်ကထိပ်ဆုံးကပဲ။

ဘာမှထပ်ပြောမနေချင်တော့တာမို့ ခပ်ပြင်းပြင်း တောက်ခေါက်လိုက်ရင်း ကားသော့ယူကာ ထွက်လာလိုက်သည်။

"အဲ့တာကျွန်တော့်ကား..."

ကားပေါ်တက်ပြီးကာမှ အိမ်ပေါက်ဝကနေ လှမ်းအော်ပြီးပြောနေတဲ့ဝမ်ရိပေါ်ကြောင့် စိတ်အလိုမကျစွာဖြင့် မျက်ခုံးနှစ်ဖက်ကို တွန့်ချိုးလိုက်မိသည်။ ရန်ဖြစ် စကားများတိုင်း အဲ့လိုဥစ္စာခြောက်တတ်တဲ့ အကျင့်ဟာလည်း သူသည်းမခံနိူင်ဆုံးတွေထဲက တစ်ခုအပါအဝင်။

"ငါ့ပိုက်ဆံတစ်ဝက်ပါတာကိုလည်း ထည့်ပြောဦးမှပေါ့"

ရိပေါ်ပြောတဲ့လေသံအတိုင်း ပြန်ပြောပြီး ခပ်ပြုံးပြုံးနဲ့ထွက်သွားတဲ့လူကြောင့် ရိပေါ်စိတ်တိုလွန်းလို့ ဆွေ့ဆွေ့ခုန်ပြီး ကျန်ခဲ့ရသည်။ မုန်းလိုက်တာ အဲ့လိုစကားကို ကပ်သီးကပ်ဖဲ့ပြောတတ်တဲ့အကျင့်ကိုရော ပြောတဲ့လူကိုရော။

The Most Beautiful Couple[Completed]Where stories live. Discover now