UNICODE
အိပ်ပျော်နေတဲ့မျက်နှာပြင်လေးအား နူးညံ့စွာနဲ့တယုတယကိုင်တွယ်ဖူးခဲ့ပါတယ်။ လက်တွေ့ဘဝမှာမဟုတ်ပါပဲအိမ်မက်ထဲမှာပေါ့
UNSEEN
" ဒီမှာ... ဒီမှာ... VDay အတွက်ချောကလက်။ လူကြီးအတွက် "
ဆွယ်တာခရမ်းရောင်လေးကြားထဲ မြှုပ်နေတဲ့ကလေးလေးက လော့ကာဖွင့်နေတဲ့သူ့အနားရောက်လာပြီး ချောကလက်လေးတစ်ခုကို မမှီမကမ်းနဲ့ခြေဖျားလေးထောက်ပြီး သူ့ထက်မြှင့်တဲ့လော့ကာလေးထဲထည့်ကာ လှစ်ခနဲပြေးထွက်သွားလေတယ်။
" ဟေ့ ကလေး... နေအုံးလေ "
သူလှမ်းခေါ်ခဲ့ပါသော်လည်းကောင်လေးက လုံးလုံးလေးနဲ့ပြေးထွက်သွားချေပြီ။
ဒီကျောင်းသို့ပြောင်းလာပြီးတတိယနေ့မှာပင် ကလေးတစ်ယောက်ဆီကချောကလက်ရခဲ့တဲ့ထယ်ယောင်းက သူ့ကိုယ်သူအံ့သြလို့မဆုံး။ သူ့လို့အထောက်အပံ့နဲ့ကျောင်းလာတက်ရသည်ကို ဒီလိုဖြူစင်တဲ့ကလေးကမသိလို့အခုလိုချောကလက်လာပေးသည်နေမယ်။
" ချစ်စရာလေး "
ချောကလက်လေးမှာပါတဲ့စာလေးကိုဖွင့်ပြီးဖတ်ကြည့်တော့ လက်ရေးဝိုင်းဝိုင်းလေးတွေကအူယားဖို့ကောင်းနေဟန်။ ရေးထားသည့်စာလေးကလည်းချစ်စရာအတိ။ လူလေးနဲ့လည်းလိုက်ပါပေ့
လူကြီးအတွက် ဂုလေးကမုန့်ဖိုးစုပြီးဝယ်ထားတာမို့ ချောကလက်ယေးကသေးသေးယေးပဲရလိုက်တယ်။ လူကြီးစိတ်ဆိုးနဲ့နော်။ နောက်တစ်ခါလူကြီးအတွက် ဂုလေးကပိုက်ချံအများကြီးစုထားပြီးချောကလက်အကြီးကြီးဝယ်ပေးမယ်နော်။ ကတိပေးတယ်~
" ဂုလေးတဲ့လား "
စာလေးကိုသေချာခေါက်ပြီးလော့ကာလေးထဲချောကလက်နှင့်အတူထည့်ပြီးသော့ပိတ်ကာထွက်လာခဲ့လိုက်တယ်။
ထယ်ယောင်းကအလယ်တန်းကျောင်းသားမို့ အလယ်ထပ်မှာသူ့အခန်းဖြစ်တယ်။ စာတော်တဲ့သူတစ်ယောက်ဖြစ်တာမို့ အစိုးရရဲ့ထောက်ပံ့မှုကောင်းကောင်းနှင့်ထိုနေရာတွင်စာသင်ယူလို့ရချေသည်။
လှေကားကိုတက်လာရင်းအိမ်ကနေကျက်လာတဲ့စာတွေကိုပြန်တွေးရင်းတည်ငြိမ်စွာဖြင့်လှေကားသို့သာတက်လာခဲ့လေတယ်။
YOU ARE READING
UNSEEN
Fanfictionမျှော်လင့်ချက်ရေးရေးလေးကတစ်စတစ်နဲ့ပျောက်ကွယ်သွားပြီမဟုတ်လား... VKOOK MY OWN CREATION//DON'T COPY// BOTH UNICODE And ZAWGYI ✅