Uni
မောင့်မှာ အသစ်ရှိနေတာလား? ဒါမှမဟုတ် အရင်တစ်ယောက်ကို မမေ့နိုင်သေးတာလား?
မောင့်အဝတ်တွေ သိမ်းရဦးမှာဘဲ
"မောင် ငါအဝတ်လျှော်လိုက်ဦးမယ်နော်"
ဒီအင်္ကျီက တော်တော်တောင်ဟောင်းနေပြီဘဲ လွင့်ပစ်လိုက်တော့မယ်
"အကို ဘာလုပ်မလို့လဲ"
"ဒီအင်္ကျီက ဟောင်းနေပြီလေ အဲ့တာကြောင့် လွင့်ပစ်လိုက်တော့မလို့"
"ဘာ! ဘာလို့ပစ်မှာလဲ အကောင်းကြီးရှိသေးတာကို"
ဟီဆွန်းဝမ်းနည်းမိသည် မောင်ကအခု သူ့ကိုအော်သွားတာမဟုတ်လား အဲ့အင်္ကျီက မောင့်အတွက်အဲ့လောက် အရေးပါတာလား...
»»----><----««
"မောင် ငါမောင့်ဖုန်း ခဏသုံးမယ်နော်"
"အွန်း..."
Passwordက ငါ့မွေးနေ့မဟုတ်တော့ဘူးဘဲ
"မောင် Passwordက..."
"အာ 6220လေ မောင်တို့ Anni Dateလေး"
ငါသိပါတယ် အဲ့နေ့ကငါတို့ Anniနေ့မဟုတ်သလို ငါနဲ့သက်ဆိုင်တဲ့ရက်စွဲ မဟုတ်ဘူးဆိုတာ......
»»----><----««
ဒီနေ့မောင်နဲ့အတူ အပြင်ထွက်လည်ခဲ့တယ် အမြဲအတူမရှိနိုင်ရင်တောင် အခုလိုလေးအချိန်ပေးလို့ ကျေးဇူးတင်ပါတယ် မောင်...
လက်စွပ်ရောင်းတဲ့ ဆိုင်တစ်ဆိုင်အရောက် ကြည်နူးစရာစုံတွဲတစ်တွဲ လက်ထပ်ခွင့်တောင်းနေတဲ့ မြင်ကွင်း...
"ဝါး အားကျလိုက်တာ မောင်ရောငါ့ကို ဘယ်တော့လက်ထပ်ခွင့်တောင်းမှာလဲ"
"......"
"မောင်..."
ဘာမှမပြောဘဲ ထွက်သွားတဲ့မောင်...
"အကို လက်စွပ်အသစ်လဲချင်လို့လားရှင့်"
"ဟင်?..."
"အကို့လက်မှာ စွပ်ထားတဲ့ဟာလေးက ဒီဆိုင်ကဝယ်ထားတာပါ အဲ့တာကြောင့်မေးကြည့်တာ"
"ဗျာ......"
»»----><----««
"ဂျယ်ယွန်း...ဟီးဆွန်းကို ဘယ်တော့မှ ဆေးကုဖို့ခေါ်လာမှာလဲ"
YOU ARE READING
10000 Ɱσɾҽ || JAKESEUNG Oneshot
Fanfictionအကိုက မမှတ်မိဘူးဆိုရင်တောင် မောင်ကတော့ အကြိမ်10000မက ပြောနေဦးမယ် အကိုက မမှတ်မိဘူးဆိုရင်တောင် မောင်ကတော့ အကြိမ်10000မက ပြောနေဦးမယ် 12.4.2022