"ကိုကို..."
ဆယ်ဟွန်းအသံဆွဲခေါ်ပြီး ဂျုံအင်းမျက်နှာရှေ့ကိုင်းချကာ မျက်နှာလေးကိုအတင်းကြည့်မလို့လုပ်သော်လည်း ဝက်ဝံရုပ်ညအိပ်ဝတ်စုံလေးဝတ်ထားသည့် ဂျုံအင်းက ဆူပုတ်ပုတ်နှင့် မေးစေ့လေးကိုမော့ချီကာ ဆတ်ကနဲလှည့်သွားသည်။
"ကိိုကို...လို့... မျက်နှာလေးတောင်ပေး မကြည့်တော့ဘူးလား ကျွန်တော့်ကိုပစ်ထားတော့မှာလား..."
သနားကမားလေးလုပ်ကာမေးသော်လည်း မေးစေ့လေးမော့ချီထားသည့် ဂျုံအင်းက မကြားချင်ယောင်ဆောင်နေသည်။ နောက်စက္ကန့်တွေကြာသည်အထိလည်းထိုတိုင်းပဲမို့ ဆယ်ဟွန်း သက်ပြင်းဖြည်းဖြည်းချပြီး
"ဟုတ်ပါပြီ...တစ်ယောက်ထဲပဲနေချင်တယ်ဆိုလည်း ထားခဲ့ပေးမယ်"
ဆယ်ဟွန်း ကုတင်ပေါ်ကထထွက်ဖို့လုပ်တော့ မျက်လုံးထောင့်မှ ပိုဆူထွက်လာသည့်နှုတ်ခမ်းကိုမြင်လိုက်ရသည်။ ချက်ချင်းပြန်ထိုင်ချလိုက်ချင်ပေမယ့် ဆယ်ဟွန်းကိုအကြာကြီး silent treatment ပေးထားတာကြောင့် နည်းနည်းပြန်ညစ်ချင်သည်မို့ အခန်းတံခါးဆီသာဆက်လျှောက်လိုက်သည်။ ချိတ်ထားသည့် အနွေးထည်ယူကာ တံခါးလက်ကိုင်ကိုင်လိုက်ချိန်မှ အနောက်က အသံသေးသေးထွက်လာသည်။
"ဆယ်ဟွန်းက ငါ့ကိုဘာလို့ block ထားတာလဲ"
"Hmm..?"
ဆယ်ဟွန်း ဆတ်ခနဲလှည့်လိုက်သည်။ မျက်နှာက ရှုပ်ထွေးသည့်အနေအထားဖြစ်နေ၏။"ဘယ်မှာများ block မိလို့လဲ"
လွန်ခဲ့တဲ့လေးနှစ် ကိစ္စတစ်ခုကြောင့်အကြီးအကျယ်စကားများခဲ့တုန်းကတောင် ဂျုံအင်းရဲ့ဘယ် contact ကိုမှ block ခဲ့ဖူးခြင်းမရှိပါပဲ။
ဆယ်ဟွန်း၏ ပြန်အမေးကို ဂျုံအင်းကနှာခေါင်းလေးရှုံ့သည်။ သူပြောစရာမလိုပဲ ကိုယ့်ကိုကိုယ်သိစေချင်ဟန်။
"ငါ့ကို insta မှာ block ထားတာလေ"
"ဟင်... မ block ထားရပါဘူး"
ဆယ်ဟွန်းအကူအကယ်မဲ့စွာ ဂျုံအင်းရှေ့နားလေးထိုင်ချမိသည်။"ဒါဆို live မှာတုန်းက ဘာလို့ရှာမရတာလဲ"
"ကျွန်တော်လည်း မသိဘူးလေ... ကျွန်တော်က block ထားပါတယ်လို့ ဘယ်သူကပြောတာတုန်း"