part 1

274 11 2
                                    


"ဟျောင့်: ငါဆေးကျောင်းဘက်ကိုသွားမလို့ မင်းလိုက်အုံးမလား အသူရာ"

အသူရာ ကျောင်းထဲသို့မဝင်သေးပဲ ကားပေါ်မှာတင်ဖုန်းကြည့်နေတုန်း ဧကမင်းသွင်ရောက်လာလေသည်။

"ဘာကိစ္စသွားမှာလဲမင်းက"

ဧက ကိုတစ်ချက်တောင်လှည့်ကြည့်မလာပါပဲ မှုံကုတ်ကုတ်မျက်နှာဘေးနဲ့ အမေးစကားဆိုလာသော အသူရာလင်မောင်မည်သောထိုလူသားရဲ့ ခန့်ညားမှုသွင်ပြင်ကတော့ နဲနဲလေးတောင် ယုတ်လျော့သွားခြင်းမရှိပါ။ဆံနွယ်မီးခိုးရောင်တွေက ပုခုံးအောက်နားလောက်ထိ‌ရှည်နေပြီး ဖြစ်သလိုစည်းနှောင်းထားခြင်းကြောင့် နှဖူးပေါ် ဟိုတစ်စဒီတစ်စကျနေပုံကအစ ဆွဲဆောင်မှုရှိနေသည်က မနာလိုခြင်စရာကောင်းလှသည်။ဖြောင့်တန်းနေသောမျက်ခုံးတစ်စုံရဲ့အောက်က စူးရဲလွန်းလှတဲ့မျက်ဝန်းတစ်စုံနှင့်အတူ ကျစ်လစ်သေသပ်လှတဲ့နှာတန်ရဲ့အောက်မှာတော့ နှုတ်ခမ်းပါးတစ်စုံကလည်း ဩဇာပြင်းလွန်းနေသရောင်ပင် ယောကျာ်းဆန်လွန်းလှတဲ့ အသွင်အပြင်းများနဲ့ပြည့်စုံလှတဲ့ အသူရာလင်းမောင်ဆိုသောထိုလူသားရဲ့ ပြည်စုံမှုက အဖက်ဖက်ကမနာလိုခြင်စရာပင်။

"မင်းမြတ်တို့စီသွားရင်းနဲ့ မျက်စိအစာသွားကျွေးမလို့ကွာ"

"စဉ်းစားအုံးမယ်"

"ချေတာကွာမင်းကလဲ သွားရအောင်ပါ ဒီနေ့ကျောင်းတက်ရတာပျင်းစရာကြီး"

"မင်းကဘယ်နေ့ကရောပျော်နေလို့လဲ"

"ကျောင်းမှာကဲရဖို့က တစ်နှစ်ပဲကျန်တော့တာကွ ‌ခုတောင်ကျောင်းတွေပိတ်တော့မယ် နောက်နှစ်ဆိုနောက်ဆုံးနှစ် ကျောင်းပြီးရင်း ကျောင်းတော်ကြီးကပေးတဲ့ပျော်ရွှင်မှုက ဂိတ်ဆုံးသွားပြီး ငါ့ဖားသားကြီးရဲ့လုပ်ငန်းခွင်ထဲခေါင်းတိုးဝင်ရတော့မယ် ပျော်စရာဆိုတာကိုယ်ကရှာနိုင်မှပဲရတော့မှာ"

"ဘယ်ဝထ္ထုထဲက စာသားတွေလည်း ဧက"

"ရင်ထဲကနေ စီစစ်ထုတ်ဝေလိုက်တဲ့ခံစားချက်တွေ"

"လူရိုက်ရတာလောက်ပျော်ဖို့မကောင်းဘူး"

ဧက ကကျွန်တော်ပြောလိုက်တဲ့စကားကို ခပ်ဟဟရယ်ရင်းထောက်ခံသလိုခေါင်းညိမ့်ပြလာသည်။

💝လေပြေမုန်းရပါသောမောင်💝Where stories live. Discover now