"ခတ္တာ သားရေ ပန်းတွေရောက်ပြီ"
"ဟုတ် လာပြီ ဒေါ်လေး"
သွပ်မိုးထရံကာ အိမ်လေးရဲ့ နောက်ကနေ ခတ္တာ ဆိုတဲ့ကောင်လေးထွက်လာသည်။ မနက်ပိုင်းရွှေပန်းငွေပန်းတွေရောင်းဖို့ ပန်းသီပေးတဲ့အဒေါ်ကလာပို့ပေးတာဖြစ်သည်။
"နင့်အမေရော"
"မေမေကတော့ ထုံးစံအတိုင်းပါပဲ
ဒေါ်လေးတင် ညကလည်းအန်သေးတယ်""ဟုတ်လား တစ်ခုခုဖြစ်ရင် အဒေါ့်ကို လာခေါ်ပါဆိုတာကို "
"ရပါတယ် ဒေါ်လေးရယ် ကျွန်တော်တစ်ယောက်တည်းပဲ လုပ်လိုက်တယ် ညဘက်အိပ်နေတာ အားနာစရာကြီးကို ပန်းတွေလည်းဒီနေ့အကုန်သီပေးထားတာပဲ"
"အမလေး အားနာမနေနဲ့ အိမ်နီးချင်းပဲ ကူညီပေးရမှာပေါ့ ဒီပန်းတွေရောင်းပြီးရင် ငါ့နဲ့ တစ်နေရာလိုက်ခဲ့"
"ဘယ်ကိုလဲ ဒေါ်လေး"
"ဟိုတစ်ခါကပြောထားတဲ့အလုပ်လေ နင့်ကိုတွေ့ချင်တယ်ပြောနေလို့"
"တကယ်လား ဒေါ်လေး ခြံစောင့်အလုပ်လား"
"အေး ဟုတ်တယ် ငါသွားပြီ ဆိုင်သွားဖွင့်ရဦးမယ် နင်လည်း နေသိပ်မမြင့်ခင် ပြင်ဆင်တော့ ပြီးရင် ငါ့ဆီလာခဲ့"
"ဟုတ် ဟုတ် ဒေါ်လေး ကျေးဇူးအများကြီးတင်ပါတယ် အဒေါ်သာမရှိရင် ကျွန်တော်တို့ သားအမိနှစ်ယောက်တော့ "
"မလိုပါဘူးအေ ငါလည်းအဆင်မပြေလို့ မဟုတ်ရင် ဒီထက်ကူညီချင်တာ"
"ကူညီတာ ပိုနေတာပါပြီ ဒီကျေးဇူးကို ဘယ်လိုပြန်ဆပ်ရမလဲတောင်မသိတော့ဘူး"
"ကဲပါ ကျေးဇူးတွေလုပ်မနေနဲ့ အလုပ်ကရပါ့မလားမသေချာသေးတာကို ဒေါ်လေးပြန်ပြီနော်"
"ဟုတ် ဟုတ် ဒေါ်လေး"
ဒေါ်လေးတင် ပြန်သွားတော့မှ ပန်းကုံးတွေကို ဝါးလုံးတုတ်အတိုလေးပေါ်ကို စီပြီးတင်ရသည်။ ဒေါ်လေးတင်က ခတ္တာ တို့ရဲကျေးဇူးရှင်လို့ ခေါ်ရမည်။ ငယ်ငယ်
လေးတန်းကျောင်းသားအရွယ်တည်းက အရက်သမားဖြစ်သူ အဖေဆုံးသွားပြီး ခတ္တာတို့ သားအမိကို အကြွေးတွေနဲ့ ထားခဲ့တာကြောင့် အမေက စက်ချုပ်ပြီးကျောင်းထားပေးခဲ့ပေမယ့်ရှစ်တန်း ကျောင်းသားနှစ်မှာ အမေ့ရဲ့ ကျန်းမာရေးမကောင်းတော့လို့ ကျောင်းထွက်ပြီး ရတာအလုပ်လိုက်လုပ်ရတယ်။ ဘေးအိမ်က ဘုရားပန်းသည်
ဒေါ်လေးတင်ကခတ္တာကို သနားတာကြောင့် သူ့ပန်းတွေကို ကူရောင်းခိုင်းတဲ့အပြင်
အခုလည်း ဒေါ်လေးတင်ရဲ့ အသိကားဆရာက သူတို့သူဌေးအိမ်မှာ ခြံစောင့်လိုလို့ လူခေါ်တယ်အကြောင်းကြားပြီး ခေတ္တာအတွက် အလုပ်ရအောင်ပြောပေးလိုက်တာဖြစ်မယ်။
YOU ARE READING
metanoia
Short Storyသေချင်နေတဲ့ခင်ဗျားက အသက်ရှင်အောင်ကြိုးစားနေတဲ့ကျွန်တော့်ကို မုန်းနေတယ်