ch3

1K 34 5
                                    

unicode

"မယုံဘူးလား"

"ယုံစရာလား အစောကလည်း ခဏပဲဆိုပြီး ခု 3 နာရီကျော်နေပြီ "

ဟုတ်သည် သူပြန်လာတာ 12 လောက်ပင်
ခုတော့

"ဒါကမင်္ဂလာဦးညလေ အချစ်လေးရဲ့ ဒီလောက်တော့ရှိမှာပေါ့ "

သူအဲ့လိုခေါ်ရင်လူကကြက်သီး ထ ထသွားတာပင်။
ပြောရင်းနောက်တစ်ကြိမ်လှဲချလိုက်တော့သည်။

အဆုံးသတ်ကိုတော့ သူမလက်ကိုဆုပ်ကိုင်ရင်းနှင့်သာ ပြီးဆုံးသွားတော့သည်။

"ဟင် "
ဟန်နွေး မှာတစ်ဖက်ကုတင်မှာလှဲမှေးနေတာကိုသူကပွေ့ပြီး

"ရေပူသွားစိမ်ရ​အောင် နော် "

"ဟမ် .....အင်း"

သူ့သဘောကျ ငြိမ်ခံနေလိုက်သည်။
ရေချိုးကန်က ရေပူပါရတာကြောင့် တစ်ကယ်သဘောကျစရာလေးပင်။

ရေပူဇလုံထဲ သူမကိုထည့်ပေးပြီး
သူကမျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်သည်။
ခလုတ်အချို့ကိုနှိပ်လိုက်တာနှင့် ရေတွေကဝင်ရောက်လာသည်။

ဒါပေမယ့် သူမကတော့​ရေဝင်လာတာနှင့်
ခန္ဓာက တွန့်သွားသည်။

"နာနေလို့လား "

"အင်း စပ်လည်းစပ်တယ် "

"ဒီကိုလာ "

သူကလက်မောင်းကနေဆွဲထူရင်း သူမကိုပေါင်ပေါ်သို့ပွေ့တင်လိုက်သည်။
ဟန်နွေးမောနေပြီဖြစ်တာကြောင့် သူ့ရင်ဘတ်မှာမျက်နှာအပ်ရင်းနဲ့သာငြိမ်နေလိုက်သည်။
နောက်ပိုင်းဘာဆက်ဖြစ်လည်းသူမမသိတော့။
ဘာလို့ဆို သူ့ရင်ခွင်မှာတင်မောပြီးတော့သူမကအိပ်ပျော်သွားနှင့်နေပြီလေ။

မနက်ခင်းနေရောင်ခြည်ကလုံးဝကို မထိတွေ့တာကြောင့်ဟန်နွေးဟာပုံမှန်ထပ်ကိုပိုအိပ်နေမိသည်။ဒါမှမဟုတ်ညကပင်ပန်းထားတာကြောင့်များလား

သို့​ပေမယ့်လည်းအချိန်တစ်ခု​ရောက်တဲ့အချိန်မှာ​တော့မျက်လုံး​တွေကိုလက်နဲ့ပွတ်ဆွဲကာနိုးခဲ့သည်။
အိပ်ယာနိုးနိုးချင်းဘေးကိုကြည့်လိုက်တော့ဇာတ်ကားတွေထဲကလိုယောက်ျားမျက်နှာကိုအရင်မမြင်ရပါ။ဗလာကျင်းနေတဲ့အိပ်ယာနဲ့အထီးကျန်တဲ့အခန်းထဲမှာသူမတစ်ယောက်တည်းပါပဲ။

သူစိမ်းတစ်​ယောက်နှင့် တည်ဆောက်မိသော(သူစိမ်းတစ်ယောက်ဖြင့်တည်ဆောက်မိသော)Where stories live. Discover now