Part-1(Unicode)

656 66 14
                                    

Witness the Raindrops

မိုးစက်ပွင့်တို့တဖြောက်ဖြောက်ကြား... လမ်းကလေးထက်တွင် လျှောက်လှမ်းလာသူတစ်ဦး…။

မိုးကာ၊ ထီး တစ်စုံတစ်ရာမပါရှိဘဲ မိုးရွာထဲမှာ ဖြည်းညှင်းစွာ လမ်းလျှောက်လာသည်။ မိုးရွာနေသည်ကို အမှုမဲ့အမှတ်မဲ့ပုံမျိုးနှင့်ဖြစ်၏။ သူ့တစ်ကိုယ်လုံး မိုးရေတွေရွှဲရွှဲစိုနေ၏။

သူ၏မျက်နှာမှာ ပျော်ရွှင်နေသည့်ပုံမတွေ့ရ၊ ဝမ်းနည်းနေသည်လားလည်းမသေချာ။ မျက်လုံးတစ်ဝိုက်စိုရွှဲနေခြင်းက မျက်ရည်ကျနေသည်လား…မိုးရေပဲလားဝေခွဲမရ။ သူ၏ မဟော်ဂနီရောင်ဆံနွယ်လေးများက မျက်လုံးအစုံတို့ကို ဖုံးကွယ်လုမတတ် မိုးရေစိုရွှဲလျှက် နဖူးပေါ်သို့ စင်းစင်းလေးကျနေသည်။

ထိုအချိန်တွင် မိုးပြာရောင်ထီးလေး သူ၏ခေါင်းထက်သို့ ရောက်ရှိလာခဲ့သည်။ ဖြည်းညှင်းစွာလျှောက်လှမ်းလာသော သူ၏ခြေလှမ်းတို့ကို တိကနဲရပ်လိုက်ကာ မိုးပြာရောင်ထီးပိုင်ရှင်ကိုကြည့်လိုက်မိ၏။

တစ်စက္ကန့်….နှစ်စက္ကန့်….သုံးစက္ကန့်….

မျက်လုံးချင်းဆုံမိသည်မှာ သုံးစက္ကန့်တည်းပါ။ သို့သော်လည်း ရွှေညိုရောင်ဆံနွယ်လေးများရှိပြီး အပြုံးချိုချိုလေးနှင့်ကောင်လေး၏မျက်နှာကို သူ့မျက်လုံးထဲ စွဲသွားမိသည်။

“မိုးတွေရွာနေတယ်လေ၊ တစ်ကိုယ်လုံးလည်း ရွှဲစိုနေပြီပဲ။ အအေးမိပြီးဖျားရင်ဘယ်လိုလုပ်မလဲ”

ကောင်လေးကအပြုံးချိုသကဲ့သို့ အပြောလေးကလည်း စမ်းရေစီးဆင်းသံပမာနှယ် ချိုမြလှ၍ သူ ဟက်ကနဲ ရယ်မိသွားသည်။ ယခုလိုအချိန်မှာ သေဆုံးသွားလိုသောသူ့အတွက် အအေးမိပြီးဖျားမည်ကို စိတ်ပူနေသူတွေ့ရ၍ ပျော်သလိုပင် ခံစားလာရ၏။

“ဒီမှာဗျ…ကျွန်တော့်အိမ်က ဒီနားလေးမှာပဲ။ ခဏဝင်နားပါလား။ မိုးတိတ်သွားမှ ပြန်သွားပေါ့”

“မိုးရွာတာကို သဘောကျလား”

အမေးတစ်ခြား အဖြေတစ်ခြားဖြစ်နေ၍ ကောင်လေးကြောင်သွားမိသည်။ ရွှေညိုရောင်ဆံနွယ်လေးများကို တစ်ချက်ထိုးဖွလိုက်ပြီးမှ ပြုံးလိုက်ကာ

Witness the Raindrops 🌧️💧Where stories live. Discover now