"ဒီနေ့ Asahiတို့စုံတွဲ အိမ်လာလည်ကြမှာလေ"
"အင်း ကိုယ်သိတယ်လေ"
မနက်စောစောကတည်းက မီးဖိုချောင်မှာ တစ်ယောက်တည်းအလုပ်ရှုပ်နေသော Yoshiကိုကြည့်ကာ Do Young ပြောလိုက်ခြင်းဖြစ်သည်။ Yoshi သူ့အိမ်မှာနေတာ ၇လခန့်ရှိလာပြီဖြစ်သော်လည်း အေပရွန်ဝတ်ပြီး မီးဖိုချောင်ဝင်သည်ကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့။ မိစ္ဆာကလည်း ဒီလိုတွေတတ်သားပဲဟုတွေးကာ Do Young ရယ်မိသွား၏။
"ဘာတွေတွေးပြီးရယ်နေတာလဲ Do Young"
ဂျုံတွေနယ်ပြီး မုန့်လုပ်နေသော Yoshiက မျက်နှာမှာဂျုံမှုန့်တွေပေပွလျက် မေးရာ Do Youngလည်း ဟက်ဟက်ပက်ပက်ရယ်ရင်း Yoshiအနားသွားကာ မျက်နှာပေါ်မှဂျုံမှုန့်များကို တစ်သျှူးတစ်ရွက်ဖြင့် သန့်ရှင်းပေးလိုက်သည်။ Yoshi သဘောကျစွာ ရယ်လိုက်၏။ Yoshi အပြုံးပါးပါးကိုသာ Do Young တွေ့ဖူးခဲ့ပါသည်။ ယခုလို ပွင့်ပွင့်လင်းလင်းရယ်တာမျိုးမြင်ဖူးတာ ပထမဆုံးအကြိမ်ပင်။ Yoshiရယ်လိုက်သောအခါ အသက်ရှူပင်ခေတ္တအောင့်ထားမိသည်အထိ သူအံ့ဩသွားပြီး ရင်တွေထိန်းမရအောင် ခုန်မိသွားသည်။
မျက်လုံးလွှဲဖို့ပင်သတိမရဘဲ Yoshi နှင့် Do Young စိုက်ကြည့်နေမိရင်း Yoshi မျက်နှာက Do Youngမျက်နှာအနီးသို့ တိုးကပ်လာခဲ့သည်။ Yoshiဟာ လူမဟုတ်ဘူးဟု Do Youngစိတ်ထဲမှာ တွေးနေမိသော်လည်း နောက်ဆုတ်သွားရန် မတွေးမိခဲ့ပါ။ ချစ်တယ် Yoshiရယ်....။
Do Youngနှလုံးသားထဲမှ တိုးတိုးလေးရေရွတ်သံအဆုံး၌ Yoshi၏နူးညံ့သော နှုတ်ခမ်းပါးလေးက Do Young နှုတ်ခမ်းလေးပေါ် ထိကပ်လာရုံမျှရောက်ရှိလာ၏။ မိစ္ဆာတစ်ယောက်ဟု မတွေးမိနိုင်လောက်အောင် နွေးထွေးနူးညံ့လို့နေသည်။ သူကိုယ်တိုင်မြင်တွေ့ခဲ့ရသော Yoshi၏အဖြစ်အပျက်များကို အိပ်မက်လားဟုပင် Do Young တွေးလာရ၏။ ယခုကဲ့သို့ အဖြစ်အပျက်ကရော အိပ်မက်တစ်ခုပဲလား။ ဒါဆိုရင်တော့ အိပ်မက်ကနေ မနိုးထချင်တော့ဘူး။
တင်းတောင်...တင်းတောင်...တင်းတောင်
လူခေါ်ဘဲလ်မြည်လာမှ Yoshi နှင့် Do Young သတိဝင်လာကာ တစ်ယောက်နှင့်တစ်ယောက် ငေးစိုက်ကြည့်နေမိကြသည်။ Do Youngမှာ မျက်နှာတစ်ခုလုံး စတော်ဘယ်ရီရောင်သန်းနေပြီး Yoshiမှာလည်း နယ်လက်စ ဂျုံမှုန့်လုံးများကို ယောင်နနဖြင့်ကိုင်ရင်း ဘာပြောရမှန်းမသိဖြစ်နေ၏။ Yoshi၏ ထိန်းချုပ်ထားသော နှလုံးသားသည် Do Young၏ရင်တွင်းမှ ချစ်တယ် ဟူသောစကားသံကို ကြားရချိန်တွင် အထိန်းအကွပ်များကို ဖောက်ထွက်ကာ နှလုံးသား၏အလိုဆန္ဒကို လိုက်လျောလိုက်မိသည်။
YOU ARE READING
Witness the Raindrops 🌧️💧
FanfictionUnicode တိမ်လွှာကTreasure fanတစ်ယောက်ပါရှင်။ Treasureထဲကမှ Yoshi & Kim Do Youngက တိမ်လွှာ့ရဲ့ Biasesပေါ့။ BL Authorဖြစ်တော့ ချစ်ရတဲ့ကလေးနှစ်ယောက်ကို ဇာတ်လမ်းလေးအဖြစ်ဖန်တီးလိုက်မိပါတယ်။ တစ်စုံတစ်ရာအမှားအယွင်းရှိခဲ့ရင် ကြိုပြီးတောင်းပန်ပါတယ်နော်။ ဒီYo...