Ep.1

8 2 2
                                    

June 25, 1950~

~ကြဉ်းတပ်~

ကျည်ဆံတွေကြားပေးလွှားနေကြသောတပ်သားများ

"တပ်ကြပ်ဂျွန်!"

ရိုင်ဖယ်တစ်လက်ကိုလွယ်ကာ တပ်ကြပ်ဆိုသူထံပြေးလာသောတပ်သား

"တပ်ကြပ်ဂျွန် ရှေ့တန်းကိုတပ်သားတွေထပ်လွှတ်ပေးပါ၊ အကျများနေတယ်"

"စခန်းမှာကြဉ်းတပ်သားတွေကုန်ပြီ ရာထူးအကြီးပိုင်းတွေဘဲကျန်တော့တယ်"

"ဒုက္ခပါဘဲ ကျတော်တို့ကအခြေအနေမဆိုးပေမဲ့ ကျတော်တို့ဘက်ကမထိန်းထားနိုင်ရင် ရေငုပ်သင်္ဘောဘက်ကလူတွေအတွက်အန္တရာယ်ရှိတယ် တပ်ကြပ်!, လေတပ်ကလဲအခြေအနေဆိုးနေပြီ"

ထိုစဉ်တပ်သားတစ်ယောက်ဝင်ပြောသည်ကား

"ကျတော်တို့ဆုတ်ရအောင် တပ်ကြပ်"

"မဆုတ်ဘူး!" တပ်ကြပ်ပီပီ မခံခြင်စိတ်ကတော့အပြည့်ရှိသည်

ထိုသူကား တပ်ကြပ်Jeon Jungkook,

အများကတော့ တပ်ကြပ်ဂျွန် ဟုသာခေါ်ကြသည်

တောင်ကိုရီးယားဝန်ကြီးချုပ်ရဲ့သားဖြစ်သော်လည်း နိုင်ငံကိုကာကွယ်ချင်စိတ်အပြည့်ရှိသောကြောင့်တပ်ထဲဝင်ခဲ့ခြင်းဖြစ်သည်

တောင့်တင်းသောခန္ဒာကိုယ်, ယောက်ျားဆန်မှု, ပြတ်သားမှုတို့ကိုပိုင်ဆိုင်ထားတဲ့အပြင် မဟုတ်ရင်မခံသောစိတ်ဓာတ်ကြောင့် ကြဉ်းတပ်၊ရေတပ်နဲ့လေတပ်ပါမကျန် သူရဲ့ဂုဏ်သတင်းကျော်ဇောသည်

နိုင်ငံတော်ကိုကာကွယ်ချင်စိတ်နဲ့တပ်သားတွေအပေါ်ထားတဲ့စေတနာကြောင့်အသက် 23 နှစ်နဲ့တပ်ကြပ်ရာထူးအထိရထားသူဖြစ်သည်

တပ်သားအများစုမှချစ်ကြောက်ရိုသေလေးစားရသူ

စစ်မြေပြင်သို့ရောက်ရင်လဲ ရန်သူကိုတစ်ယောက်မကျန်ခြေမှုန်းတတ်သောကြောင့် သူပါသောတိုက်ပွဲတိုင်းရှုံးသည်မရှိ၊ စစ်ပွဲမှာဘုရင်တစ်ဆူပင်

"ငါလာတိုက်မယ်!"

အားမာန်အပြည့်နဲပြောလိုက်သောသူရဲ့စကားကြောင့် အားလုံးပျော်သွားရပေမဲ့

"တပ်ကြပ်ကဒဏ်ရာရထားတယ်မလား စစ်ကူသာခေါ်ပေးပါ"

လွန်ခဲ့သော ၃ ရက်ခန့်က တပ်ထဲမှအကြီးအကဲများနဲ့အစည်းအဝေးအပြီး,
စခန်းသို့အပြန်မှာ စနိုက်ပါသမားတစ်ယောက်ရဲ့လုပ်ကြံမှုကြောင့် ညာဘက်လက်မောင်းဒဏ်ရာရထားသည်

1950's Love StoryWhere stories live. Discover now