𝐏𝐚𝐫𝐭 - 4

102 22 6
                                    

"သားလေး ဘယ်လိုလဲ အရသာက"
"မေမေ့လက်ရာက သားအတွက်တော့ ကမ္ဘာ‌ပေါ်မှာ အကောင်းဆုံး‌ပဲလေ"
"မေကြီး မင်းကိုမြှောက်နေတာနော် သားက"
"ဟားဟား သိပါ့အတတ်လေး"
ဂျွန်မိသားစုရဲ့ ကြည်နူးစရာ မနက်ခင်းလေးရယ်ပါ
"ဖေဖေနဲ့မေမေ သားသွား‌တော့မယ်"
"အယ် အခုမှ ၈နာရီပဲရှိသေးတာလေ သားရဲ့"
"အာ ဆရာမက ဒီနေ့ကျောင်းကိုစောစောလာဖို့ခေါ်ထားလို့ မေမေရ"
"အော် အေးပါ ဂရုစိုက်သွားနော်"
"ဟုတ်"
.....
ဂျွန်ဂျောင်ကုတို့ စောထွက်လာတာ အကြံရှိတယ်လေ အကြံမှာလဲ တခြားမဟုတ်
ဟိုလူ့အိမ်ကို သွားချောင်းဖို့ပင်
"ဟာဗျာ အခုမှ၈နာရီပဲ ရှိသေးတာကို"
"အခုထနော် မင်းပြင်ရဆင်ရဦးမှာလေ"
"မသိဘူး မထဘူး ၈ခွဲမှနှိုး"
"အခုထ​တော့လို့ ကျောင်းက၉နာရီတက်မှာ မမှီပဲနေမယ်"
"ဟာဗျာ မသိဘူး မမှီရင်မသွားဘူး"
"ဒီဟာလေးကတော့"
ဗွမ်းးးးး
"ဟာ အမေ့"
"နင့်ကိုထတော့လို့ ငါပြောနေတယ်လေ"
"အမေတို့အဲ့တာတွေပဲ စိတ်ပျက်တယ်"
ယွန်းဂီတစ်ယောက် မထချင်ပေမယ့်လဲ သူ့အချစ်ဆုံး အိပ်ယာလေးမှာ ရွဲရွဲစိုသွားရချေပြီ
ဒါကြောင့် မာတာမိခင်သဘောအတိုင်းသာ ထဖို့ပြင်လိုက်ရသည်
အောက်ကရေကန်ကို အပေါ်ကကိုယ်တုံးလုံးနဲ့ ဆင်းလာတာမို့လို့ ဂျွန်ဂျောင်ကုတို့ မျက်လုံးပြူးသွားရသည်
"သစ်​​တော်သီးလေးပါ့လား ချစ်စရာလေး ခ်ခ်"
"ဟိုချာတိတ် အိမ်ရှေ့မှာဘာလာလုပ်တာလဲ ငါ့လာချောင်းတာလား"
နို့ကိုလက်နှစ်ဖက်နဲ့အုပ်ပြီး သူ့ဘက်ကိုကြည့်ကာပြောတော့ ဂျွန်ဂျောင်ကုတို့ခဗျာ အူတက်ရချေပြီ
"ခွီးးးခင်ဗျားကိုချောင်းစရာလားဗျ"
"ဒါဆိုဘာရပ်လုပ်နေတာလဲ"
"ဘာမှမလုပ်ပါဘူး ကျောင်းသွားမလို့ကို ဘာတွေလာပြောနေမှန်းလဲမသိဘူး သွားပြီဗျာ"
"နေဦး ငါ့ကိုစောင့်ဦး"
"ဗျာ ကျွန်​တော်နဲ့ကျောင်းတူလို့လား"
"ဒီနားမှာ အဲ့ကျောင်းပဲရှိတာလေ ငါကမြို့ထဲထိသွားတက်ရမှာလား"
"‌အော် အဲ့လိုကို"
"လာလေ အထဲကို"
"ဟုတ်"
အိမ်ထဲဝင်မလို့ပြင်နေသော ဂျောင်ကုကို
"ဟျောင့် ဘယ်ကိုဝင်မှာလဲ"
"ဗျာ အထဲဝင်ဆို"
"မင်းကငါ့ကိုစောင့်တာမဟုတ်ဘူးလား ဒီနားကိုလာထိုင်"
"အမယ် ခင်ဗျားသွားတိုက်တာကို ကျနော်ကထိုင်ကြည့်‌နေရမယ်ပေါ့"
"ဒါပေါ့ ကြိုက်တယ်မလား"
"တကယ့်လူဗျာ မစောင့်တော့ဘူး ခင်ဗျားကို"
ဂျောင်ကုဆက်နေရင် ရင်ခုန်သေတော့မှာမို့လို့ ပြန်မလို့လုပ်တော့
"ချာတိတ်ကလည်း ငါကစတာပါကွာ မသွားပါနဲ့လို့"
နှုတ်ခမ်းလေးထော်ပြီးပြောနေတာက ချစ်စရာလေးမို့လို့ ဆက်နေဖို့သာပြင်လိုက်ရသည်
"ခင်ဗျားနော် မြန်မြန်လုပ်လို့"
"အေးပါဆိုကွာ"
.....
လမ်းကြားထဲမှာ သူတို့နှစ်ယောက်သာရှိတာမို့ တိတ်ဆိတ်နေသည် တိတ်ဆိတ်နေသော လေထုကို ဖြိုခွင်းလိုက်သည်က ဂျောင်ကု
"ဟို...ခင်ဗျားနာမည်ပြောပြဦး"
"မင်ယွန်းဂီ"
‌"‌လှသားပဲ ချစ်စရာလေး"
"ဘာကွ သေချင်လို့လား ငါအဲ့နာမည်ကိုကြိုက်တာမဟုတ်ဘူးနော်"
"ဒါဆို အသေးလေးလို့ခေါ်ရမလား ခိခိ"
"မင်းကတော့ စောက်ခွက်စုတ်တော့မှာ"
"Hyungကလည်းဗျာ"
"အေး အဲ့တိုင်းHyungလို့ပဲခေါ်"
"Hyung ပိစိ"
"ဟမ်"
"Hyungပိစိလို့"
"ဘယ်နားက ပိစိတာလဲ"
"Hyungကသေးသေးလေးလေ"
"မင်းမြင်ဘူးလို့လား?"
"ဟာဗျာ ကျနော်က လူကောင်သေးတာကိုပြောတာ"
"ဟားဟား မသိပါဘူး ဟိုဟာကိုပြောတာထင်လို့"
"Hyungကဗျာ"
"ဘာလဲ ရှက်တယ်ပေါ့"
"ဘာလို့ရှက်ရမှာလဲဗျ မရှက်ပါဘူးနော်"
ထိုလူတစ်ချက်မျှရယ်လိုက်ပြီး
လေထုဟာတစ်ဖန်တိတ်ဆိတ်သွားပြန်သည်။
ကျောင်းနားရောက်ခါနီးတော့
"မင်းကစာတော်တယ်ထင်တယ်"
"ဗျာ ဘာကိုလည်း"
ကျောင်းအပ်တုန်းက ကျောင်းဂုဏ်ဆောင် ဓာတ်ပုံတွေထဲမှာ မင်းပုံတွေ့ခဲ့တယ်
"အော် ဟုတ်တယ် ကျွန်တော်က စာတော်တယ်လေ"
"ပြီးတော့ လိမ္မာတယ်"
"ငါကတော့ ဆိုးတယ်"
"ထင်ပါတယ် ခ်ခ်"
"အင်း"
......
ကျောင်းဆင်းတော့‌ ကျောင်းရှေ့မှာ ယွန်းဂီကို ရှာနေသည် ခဏနေတော့ သူ့ပုခုံးကို လာပုတ်သည့်လက်ဖြူဖြူလေးတစုံ
"ဘယ်သူ့ကိုရှာနေတာလည်း ပြန်မယ်လေ"
"အော် အွန်း သွားမယ်"
လမ်းတဝက်ရောက်တော့ လွယ်အိတ်ထဲက တစ်ခုခုထုတ်နေတဲ့ အသေးလေး
"ဆေးလိပ်သောက်တယ်လား"
"အင်း"
"အဲ့တာကျန်းမာရေးအတွက်မကောင်းဘူး"
"သိတယ်"
"သိရယ်သားနဲ့ ဘာလို့ဆက်သောက်နေတာလဲ"
"ဘာလို့လဲ ငါ့ဘာငါသောက်တာလေ မင်းကိုတိုက်နေလို့လား ဒါမှမဟုတ် မင်းဝယ်တိုက်နေရလို့လား"
"အဲ့လိုတော့ မဟုတ်ပေမယ့် ကျွန်တော်က စိတ်ပူလို့ပါ"
"စိတ်ပူရအောင်ထိ မင်းနဲ့ငါမခင်သေးဘူး"
ယွန်းဂီက ဒီတိုင်းပြောလိုက်ပေမယ့် ဂျောင်ကုက‌တော့ စိတ်မကောင်းဖြစ်သွားရသည်။
သူ့ကိုစိတ်ပူလို့ပြောတဲ့ဟာကို ဒီလိုကြီးတော့ မပြောသင့်ပါဘူး တော်တော်လေးကို စိတ်မကောင်းဖြစ်သွားတော့ မျက်ရည်တွေလည်လာသည်
'ဟင့်အင်း ငိုလို့မဖြစ်တာကို'
ဂျောင်ကုမှာတော့ ခံစားချက်တွေကို မနည်းဖုံးထားရပေမယ့်
ဘေးကလူကတော့ စီးကရက်တောင် အဖွာမပျက်ခဲ့ပါ

တခါတလေမှာ အချစ်ကချိုသလိုလိုနဲ့ခါးနေတတ်သည်မဟုတ်ပါလား
ထိုနေ့ညက ဂျောင်ကုရဲ့ Note book ထဲမှာစာလေးတစ်ကြောင်း ‌ထပ်ရေးထားပြန်သည်
'ခင်ဗျား မကောင်းဘူး ကျွန်တော့်ကို ငိုအောင်လုပ်တယ်'

ဖတ်ပေးတဲ့လူတိုင်းကို ကျေးဇူးတင်ပါတယ်နော်
voteထပ် cmလေးတွေကို ပိုမက်မောပါတယ်ရှင့်

𝐘𝐨𝐮𝐧𝐠 𝐩𝐞𝐨𝐩𝐥𝐞 𝐚𝐧𝐝 𝐖𝐫𝐨𝐧𝐠 𝐩𝐞𝐨𝐩𝐥𝐞 Where stories live. Discover now