Ego of love (အချစ်ရဲ့အတ္တ)

174 16 0
                                    

Unicode...;

နေဝင်ခါနီးအချိန်မို့...ပုစွန်စည်ရောင်သမ်းနေတဲ့ကောင်းကင်ကြီးဟာ...မိုးလေကင်းစင်လို့သိပ်ကိုလှပနေလေရဲ့...။အနောက်ဂေါရာယွန်းသို့တဖြည်းဖြည်းတိုးဝင်သွားတဲ့နေမင်းကြီးဟာသူ့ရဲ့ကျန်ရှိနေတဲ့အလင်းဓာတ်တွေကိုကမ္ဘာမြေပေါ်သို့တတ်နိုင်သမျှဖြန့်ကျက်ပေးလျက်ရှိသည်...။

အိပ်တန်းတက်တော့မဲ့ကျေးငှက်တို့နဲ့အပြိုင်...သိပ်မကြာခင်မှာရောက်ရှိလာတော့မယ့်ကမ္ဘာမြေပေါ်ရှိလူသားတို့ရဲ့အနားယူချိန်တွေနဲ့အတူနေမင်းကြီးလဲသူ့ရဲ့တစ်နေ့တာလုပ်ဆောင်ချက်တွေကိုပြီးစီးအောင်လုပ်ဆောင်နေတာပေါ့...။

သာယာလှတဲ့ထိုညနေခင်းလေးတစ်ခုမှာ...မြစ်ကမ်းနားဘေးတစ်ခုမှနေဝင်ဆည်းဆာအလှကိုပြုံးပြီးငေးမောကြည့်တဲ့လူလတ်ပိုင်းအမျိုးသားတစ်ဦး...။မျက်မှန်အောက်ကတောက်ပနေတဲ့မျက်ဝန်းတစ်စုံဟာ...သိပ်ကိုနှစ်လိုဖွယ်ကောင်းအောင်ကြည်လင်တောက်ပလို့နေသည်...။

ထိုအပြုံးတွေကိုတစ်မေ့တစ်မောချောင်းကာငေးကြည့်နေတဲ့ကောင်လေးတစ်ယောက်လဲရှိလေရဲ့...။မျက်ဝန်းဝိုင်းဝိုင်းလေးတွေဟာမျက်မှန်နှင့်လူကြီးရှိရာဆီမှာဘဲတည်ရှိနေကာ...ပြုံးရိပ်သန်းနေတဲ့နှုတ်ခမ်းလေးတွေကတစ်စုံတစ်ခုသဘောကျကြောင်းဖော်ပြနေသယောင်...။

'ဦးကသိပ်ကိုကြည့်လို့ကောင်းတာဘဲ...'

မျက်မှန်နှင့်လူကြီးကိုကြည့်ကာတိုးတိတ်စွာသဘောကျကြောင်းရေရွတ်နေတဲ့နှုတ်ခမ်းဖူးဖူးလေးတစ်စုံ...။ထို့နောက်သူ၏မျက်လုံးအစုံဟာထိုမျက်မှန်နှင့်လူထံတွင်သာရှိပြီးလှုပ်ရှားမှုအလုံးစုံကိုသစ်ပင်နောက်မှမလွတ်တမ်းစောင့်ကြည့်နေဟန်...။

အသက်လတ်ပိုင်းအရွယ်ရှိတဲ့အမျိုးသားဟာ
သွယ်လျပြီးရှည်တဲ့သူ၏လက်ချောင်းလေးတွေနဲ့...ဂစ်တာလေးတစ်လက်ကိုတီးခေါက်နေတယ်။ အသံကြိုးတွေကိုညှိလိုက်ပြီးသူအသက်ကိုဝဝလင်လင်ရှုသွင်းလိုက်သည်...။မျက်လုံးလေးတွေကိုမှိတ်ကာ...သူ့စိတ်အာရုံတွေကိုစုစည်းတဲ့ပုံစံမျိုးနဲ့ပေါ့....။

ဦးရဲ့လက်ချောင်းလေးတွေဟာဂစ်တာကြိုးတွေကိုထိလိုက်တဲ့အခါ...ထွက်ပေါ်လာတဲ့သံစဥ်တွေဟာသိပ်ကိုနားထောင်လို့ကောင်းနေတယ်...။ဦးရဲ့နှုတ်ခမ်းပါးလေးတွေကမတိုးမကျယ်အနေထားတဲ့ထွက်လာတဲ့သီချင်းသံလေးဟာလည်း...အက္ခရာထင်ထားထက်ပိုပြီးနားထောင်လို့ကောင်းနေပြန်တယ်...။

Ego Of Love (One short) Where stories live. Discover now