ပန်းခြံထဲက ခုံတန်းလျားလေးပေါ်မှာ ထိုင်နေတဲ့ ကောင်လေးတစ်ယောက်ထိုကောင်လေးရဲ့အနားကို နောက်ထပ်ကောင်လေးတစ်ယောက်ရောက်လာတယ် ။
" အိမ်နဲ့ ထပ်ပြီး ပြဿနာဖြစ်ပြန်ပြီလား Seunghwan "
ထိုင်နေတဲ့ကောင်လေးက မျက်လုံးကို ပင့်ကြည့်ကာ
" အင်း ဘာထပ်ရှိအုန်းမှာမလို့လဲ "
" အိမ်နဲ့ နည်းနည်းတော့ အဆင်ပြေအောင် နေကြည့်ပါအုန်း "
" သူတို့က ငါဖြစ်ချင်တာကိုမှ ဖြစ်ခွင့်မပေးတာ အဲ့တော့ ငါက ဘယ်လိုလုပ်ရမှာလဲ "
" သူတို့ပြောသလို စာကိုဘဲ သေချာဂရုစိုက်လုပ်လိုက်လေ "
" ငါက မင်းလို စာကိုစိတ်ဝင်စားတဲ့သူမှမဟုတ်တာ တော်ပြီ Jeong Junho ငါစိတ်မကြည်နေတာသိရဲ့သားနဲ့ ငါ့ကိုအဲ့တာတွေလာမပြောနဲ့ ဒီနေ့ကျောင်းကိုလဲ မင်းနဲ့အတူမသွားတော့ဘူး!!! "
﹋﹋﹋
Jeong Seunghwan ရဲ့ နေ့ရက်တိုင်းမှာ အိမ်နဲ့ ပြဿနာမဖြစ်တဲ့နေ့ဆိုတာက ရှားရှားပါးပါး
သူဖြစ်ချင်တဲ့ Dancer အလုပ်ကို အားမပေးဘဲ စာဘဲလုပ်ခိုင်းတဲ့အိမ်ကသူတွေကြောင့်လည်း Seunghwan တစ်ယောက် နေ့တိုင်းပြဿနာရှာနေတော့တာဘဲ ။ အဲ့လိုပြဿနာရှာပြီးတိုင်းလည်း အိမ်ကဆူတာဘဲခံရတော့ ပန်းခြဲထဲက ခုံတန်းလျားလေးပေါ်မှာဘဲ သွားထိုင်နေလေ့ရှိတယ် ။ အဲ့လိုထိုင်နေတဲ့ အချိန်မှာ သူ့ဘေးနား ရောက်ရောက်လာတတ်တာကတော့ Seunghwan မူလတန်းကျောင်းကထဲက သူ့ရဲ့ဘေးမှာ အမြဲရှိနေပေးတတ်တဲ့ Jeong Junho လို့ခေါ်တဲ့ သူ့ရဲ့ အခင်ဆုံးသူငယ်ချင်းတစ်ယောက်ပေါ့ ။
မနက်မိုးလင်းပြီဆိုရင် Seunghwan ကအိပ်ရာကနေမထသေးဘူး Junho တစ်ယောက်က သူ့အိပ်ရာဘေးနားရောက်နေပြီ
Seunghwan ကလည်း Junho လာနှိုးပေးမှကို အိပ်ရာကနေထတဲ့ လူစားမျိုး ။ အိမ်ကဘယ်သူနှိုးနှိုး ပေကပ်ပြီး ပြန်ပြန်အိပ်တတ်တော့ အိမါကသူတွေကလည်း ကြာလာတော့ လာမနှိုးကြတော့ ။
Junho က သူနဲ့မတူဘူး ။ စာဆိုလည်း ပထမ အားကစားမှာဆိုလည်း ပထမ ဘက်စုံတော်တဲ့ကောင်လေးပေါ့ ။ ရုပ်ရည်ကလည်း အတော်လေးချောမောတော့ အတန်းထဲမှာလည်း လူတွေအများကြားစန်းပွင့်တဲ့သူတစ်ယောက် ဆိုလည်း မမှားဘူးပေါ့ ။
YOU ARE READING
Under The Cherry Blossom [ One Shot ]
Short Story2Jeong [ One Shot ] ဒီ Fic လေးကတော့ The Origin : A B OR WHAT? Survival show က အိုင့်ရဲ့ pick ကလေးတွေဖြစ်တဲ့ Jeong Seunghwan နဲ့ Jeong Junho တို့ 2Jeong အတွက် အမှတ်တရလေးဖြစ်သွားအောင် ရေးထားတဲ့ဟာလေးပါ >< အရေးအသားလိုအပ်ချက်တွေရှိသေးတဲ့အတွက်ကြောင့်...