💞အချစ်ဦး၏ရင်ခုန်သံ_____________🍂
ကျေးဇူးတရားတွေနဲ့ ချုပ်နှောင်ခံထားရတဲ့ သူက လူတွေသိပ်ကိုကြိုက်လှပါချည်ရဲ့ဆိုတဲ့ နာမည်ကြီးမင်းသားနဲ့ လက်ထပ်ဖို့ဖြစ်လာရော။
🍂_____________ယခုလက်ရှိအခြေအနေအရ ဒီနေရာကနေ ချက်ချင်းပင် အငွေ့ပြန်သွားချင်မိသည်။
ပါပါးရဲ့ သူဌေးက သူ့သားနဲ့ရိပေါ်ကို အကြောင်းပါစေချင်သည်တဲ့။
ယောကျာ်းချင်းပါဆိုပြီး ဆင်ခြေပေး၍လည်း မဖြစ်ပြန်။သည်ခေတ်က သတ်မှတ်ချက်မရှိဘူး ပဲ မဟုတ်ပါလား။
နောက်ထပ်တစ်ကွက်ဖြင့် အပိုင်ချုပ်လိုက်သည် ကား ပါပါးနှင့်သူ၏ညီမသည် ရိပေါ်အသက် ၁၈နှစ်ပြည့်တုန်းက ယူလိုက်ကြသည် ဟူသတည်း။
ထိုစဥ်အခါက ရှောင်းလူကြီးမင်းဟာ သူ့ညီမ မင်္ဂလာဆောင်ကို ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ် ပြုလုပ်ပေးခဲ့သည်။သူ့စိတ်ထဲမှာတောင် ရှောင်းလူကြီးမင်းအား ကြိတ်၍ ချီးကျူးလိုက်မိသေး၏။ဪ...နှမလည်းပေးရ၊ဝက်လည်းပေးရဟူ၍လည်း ရှောင်းလူကြီးမင်းက တစ်ချက်မညဥ်း။
ဘယ်ညဥ်းပါ့မလဲ...နှမပေးပြီး ရှောင်းလူကြီးမင်းက ဝက်ပြန်ယူတာပဲကို။တစ်ကယ်ဆို သူ့မာမားက သူ့အသက်နှစ်နှစ်ခွဲ လောက်မှာ ဆုံးသွားတာ။ဓာတ်ပုံတွေအရတော့ မာမားက မိန်းမချောတစ်ဦးပင်။အဲ့နောက်တော့ သူလည်း မာမားရဲ့မိဘတွေရှိတဲ့ ကိုရီးယားမှာ ပဲ အလယ်တန်းကစလို့ တက်ဖြစ်ခဲ့တယ်။
၁၈နှစ်၊အထက်တန်းနောက်ဆုံးနှစ်မှာ ပါပါးက မေမေလေးနဲ့လက်ထပ်ခဲ့တယ်။
အဲ့တော့သူလည်း မွေးရပ်မြေကို ပြန်လာခဲ့ရပြီး တက္ကသိုလ်ကို law majorယူလိုက်ကာ ဒီမှာပဲ ဆက်တက်ဖြစ်ခဲ့တယ်။အခုthird yearတောင် ရောက်နေပြီ။
ဆိုတော့...သူ့ကို ပါပါးက ယောက်ဖနဲ့မရီးရဲ့ သဘောဆန္ဒအရ အတင်းတွေလက်ထပ်ခိုင်း လေတယ်။ပြောသေး...ငြင်းရင် အိမ်ပေါ်ကနေ ခေါင်းနဲ့ဆင်းရမယ် ဆိုပါ့။အကြောင်းကြောင့် အကျိုးဖြစ်ကာ လက်ထပ်ရ ပါမယ်ဆိုတဲ့ လျှမ်းလျှမ်းတောက် သရုပ်ဆောင်မင်းသား Seanနဲ့ လာပြီး တွေ့နေရတဲ့ အဖြစ်။Seanရဲ့ဖန်တွေကတော့ သူ့ကိုမနာလိုချင်လိုလိမ့်မယ်။သူမှလည်း အဲ့Seanဆိုတဲ့ ဘဲကြီးကိုကြိုက်မနေပါဘူး။
သူ့ထက် ဆယ့်နှစ်နှစ်တောင် ကြီးတဲ့ဟာကို။