Episode 2

646 49 22
                                    

လကွယ်ရက်မတိုင်ခင်တစ်ရက်ဖြစ်သည်ကြောင့် ကြယ်တံခွန်တို့ကင်းမဲ့သော ကောင်းကံယံထက် လခြမ်းကွေးငယ်က ရှိသည်ဆိုရုံမျှ။ လမ်းမီးတိုင် ခပ်ကျဲကျဲစိုက်ထူထားသော လမ်းမပေါ်ထက် Taxi တစ်စီး‌မှ လွဲ၍ အခြားမရှိ။

ကားရှေ့ခန်း၌ကား driver တစ်ယောက်သာထိုင်နေပြီး နောက်ခန်း၌ ဆယ်နှစ်သာသာအရွယ် ကောင်လေးတစ်ယောက်ကို အလယ်၌ထားကာ မိဘဟု ထင်ရသူနှစ်ယောက်က တစ်ဖက်စီ၌ ထိုင်နေကြ၏။

ကောင်လေး၏လက်ထဲ၌ကား ကင်မရာတစ်လုံးကို ကိုင်ထားပြီး သွားတို့ပေါ်သည်အထိ ရယ်မောကာနေသလို မိဘနှစ်ပါးတို့၏မျက်နှာတို့ထက်လည်း အပြုံးတို့က တောက်ပစွာ။

“မနက်ကျ ဘယ်ကိုသွားမှာလဲ ဖေဖေ”

အဖေဖြစ်သူကို မော့ကြည့်ရင်းမေးနေသော ကလေးငယ်၏ ဖောင်းနေသော ပါးအိအိက ခပ်ဖွဖွ ဆွဲညှစ်ချင်စရာ။

“Wonugie က ဘယ်ကိုသွားချင်လဲ”

“ပျော်စရာကောင်းတဲ့နေရာ”

“အဲ့တာဆို ရေတံခွန်ကိုသွားကြမလား”

“ဖေဖေနဲ့တူတူသွားရမယ်ဆို ဘယ်ကိုဖြစ်ဖြစ်”

ကလေးငယ်က ဖခင်၏ လက်မောင်းကိုခေါင်းနှင့်ဝင်တိုးရင်း ချွဲကာပြောနေသည်မှာ ချစ်စရာအတိ။

“အဟမ်း”

ဘေးနားမှ ထွက်လာသော ချောင်းဟန့်သံကြောင့် ရင်ခွင်ဆီသို့အပ်ထားသော မျက်နှာက အနည်းငယ်ထောင်မတ်လာကာ စောင်းကြည့်လာ၏။

“မေမေလဲပါတာပေါ့”

မိခင်ဖြစ်၏လက်ကိုပါဆွဲရင်း မျက်လုံးတို့မှိတ်သည်အထိ ရယ်နေသောကလေးငယ်က တစ်ကမ္ဘာလုံးတွင် အပျော်ဆုံးလူသား ဖြစ်နေမယ်ထင်ရဲ့။ နှာခေါင်းကိုတစ်ချက်တစ်ချက်ရှုံ့လိုက်သည်ကလည်း အူယားစရာပါပင်။

အဖေဖြစ်သူက အစိုးရဝန်ထမ်းဖြစ်သည်ကြောင့် မိသားစုအတူနေရသည်က ရှားပါးလွန်း၏။ တစ်ခြားနယ်သို့မပြောင်းချင်သော မိခင်ဖြစ်သူနှင့် နယ်ခြားတွင် အလုပ်လုပ်ရသော ဖခင်တို့ကြား Wonu ကတော့ သိတတ်သည့်အရွယ်မှစ၍ မိခင်နှင့်သာ ကြီးပြင်းခဲ့ရသည်သာ။ သို့ငြား ပိတ်ရက်ရသည်နှင့် အိမ်ကိုတန်းပြန်လာတတ်သော ဖခင်က Wonu အတွက် လက်ဆောင်တို့ဝယ်လာရန်လည်း မမေ့ခဲ့။

Pushing Up Daisies Where stories live. Discover now