Part 8

7.5K 291 9
                                    

💋 တစ်ဦးတည်းသော ဇနီးဆိုးလေး 💋

အခန္​း __ { ၈ }

________________ 💥

ဒေါက် .. ဒေါက် .. ဒေါက် ... ....

ရွှေရောင်မီးခြစ်ကို စားပွဲနဲ့ ခေါက်နေသံက
တိတ်ဆိတ်နေတဲ့အခန်းထဲမှာ စည်းချက်ညီညီ
ထွက်ပေါ်လို့နေလေသည် .. ။

ဆိုဖာမှာ ခပ်လျောလျောခြေချိတ်ထိုင်ရင်း
ရှိုက်ဖွာထားတဲ့ မီးခိုးငွေ့တွေကြားမှ အပြင်သို့
မလှုပ်မယှက် ငြိမ်သက်စွာစိုက်ကြည့်နေတဲ့ ချုန်း ...။

မှန်နံရံတွေကာရံထားတဲ့ အပေါ်ထပ်အခန်းမှ
ခြံထဲက ပုံရိပ်အားလုံးကို အထင်းသားမြင်နေရ၏။

ရှေးခေတ်စော်ဘွားတွေရဲ့လက်ကျန်
ခေါင်ဦးချွန်နဲ့အိမ်နီနီကြီးကို အခုခေတ်ဒီဇိုင်းနဲ့
အဆင့်မြင့်မြင့်ပြန်လည်ဆန်းသစ်ထားတာကြောင့်
ကျယ်ဝန်းလှတဲ့ ခြံကြီးထဲမှာ အိမ်နီနီကြီးက မြင့်မား
ထင်ရှားစွာ ထီးထီးကြီး ရှိနေလေသည် ..။

အုတ်နံရံတွေအပေါ်မှာမှ သံစူးကြိုးတွေနဲ့
ထပ်ကာပီး သေသေချာချာလေး လုပ်ထားတာမို့
ရုတ်တရက်အပြင်က အထဲကိုမကျော်ဝင်နိုင်ပေ ..။

အပြင်ကလှမ်းကြည့်လိုက်ရင် အိမ်ပုံစံက
ပုံမှန်အိမ်တွေလို လေးထောင့်မဆန်ပဲ အနည်းငယ်
လုံးဝန်းတဲ့ပုံသဏ္ဍာန်ရှိပေမယ့် အတွင်းဖက်မှာတော့
ကြောင်လိမ်လှေကားပါတဲ့ သုံးထပ်အဆောက်အအုံ
ဖြစ်လေသည် ..။

နံရံဆေးရေးပန်းချီတွေနဲ့
သူကိုယ်တိုင်ဆွဲထားတဲ့ ပန်းချီကားချပ်တွေက
အိမ်နံရံတွေမှာ အပြည့်လိုလိုပါပဲ ...။

ပန်းချီပညာကိုမနှစ်သက်သူတွေအတွက်
မျက်စိနောက်စရာဖြစ်ချင်ဖြစ်နိုင်ပေမယ့်လည်း
မေမေကော သူကော ပန်းချီတွေကို တန်ဖိုးထား
မြတ်နိုးကြသူတွေမို့ မြင်ကွင်းတွေကကြည်နူးစေသည်။

လူဦးရေများများစားစားမရှိတဲ့ သူတို့အိမ်မှာ
မေမေရယ် သူရယ် ပီးရင် ကျန်တဲ့သူ အားလုံးမှာ
အလုပ်သမားတွေက ပိုပီးများနေလေသည် ..။

မီးဖိုခန်းကိစ္စမှာ
အမျိုးသမီးသုံးယောက်က နေရာယူထားပီး
ဒီအိမ်ကြီးနဲ့ ခြံသန့်ရှင်းရေးကပဲ အတွင်းအပြင်
လူငါးယောက်ခန့်က နေ့စဉ်ရှင်းလင်းကြရသည် ..။

💋 တစ်ဦးတည်းသော ဇနီးဆိုးလေး 💋[ Completed ]Nơi câu chuyện tồn tại. Hãy khám phá bây giờ