နေလည် ထမင်းစားချိန် ရောက်တော့ Jung Kook တယောက် Jin ဆီ သွားဖို့ ပြင်လိုက်သည်---
JK !
တစုံတယောက်ရဲ့ ခေါ်သံကြောင့် Jung Kook လှည့်ကြည့်လိုက်သည် //
အေး ပတ်ပုကျိ ဘာတုံး
မင်းဘယ်သွားမလို့လဲ
ငါလား ? ငါ့ ကိုကို နဲ့ ထမင်းသွားစားမလို့လေ
ဟုတ်လား ငါလဲလိုက်မယ်
ဟာ မင်းက ဘာလိုက်လုပ်မှာတုံးးးး
ငါ့မှာ ထမင်းစားမယ့် အဖော် မရှိလို့ပါကွာ လိုက်ခဲ့မယ်လေနော် နော်
JK လက်ကို ဆွဲကာ နှုတ်ခမ်း ဆူပီး ပြောနေတဲ့ Jimin ကို ကြည့်ရင်းးး
အေးကွာ လိုက်ချင်လဲ လိုက်ခဲ့
ရေးးးး
ဒါမယ့် ဟိုရောက်ရင် ငါ့ကိုကို မျက်စိနောက်အောင်မလုပ်နဲ့ နော် ကြားလား
အေးပါကွာ ငါငြိမ်ငြိမ်လေး နေပါ့မယ်
အေး ပြီးရော အာ့ဆိုသွားမယ် လာ!
သူငယ်ချင်းနှစ်ယောက် လက်ဆွဲကာ ထမင်းစားရန်သွားကြသည်
ကိုကိုရေ ----
JK ခေါ်သံကြောင့် စာသင်ခန်းထဲက Jin တယောက်အပြင်ကို လှမ်းကြည့်လိုက်သည်----
ဟော Kooတောင် ရောက်လာပီ ကိုးးးး
ဘယ်သူတုံး သူက
ငါ့ညီလေးပါ အဂျွန်းရာ သူ့အမေက ငါ့ကို အပ်ထားလို့
Nanjoon- အော် မင်းညီ က အချောလေးပဲကွ ဒါတောင် ကလေးပဲရှိသေးတာ လူပျို အရွယ်ရောက်ရင် ကောင်မလေးတွေ ဝိုင်းနေမှာ ရှယ်ပဲ ဟားဟားး
Jin- ဟင် Koo ဘေးမှာလဲ ကလေး လေး တယောက်ပါလား သူ့သူငယ်ချင်းထင်တယ် ဖြူဖြူလုံးလုံးလေး
Suga- ဟုတ်ပ့ကွာ ကလေးလေးက ဖြူဖြူလုံးလုံးချစ်စရာလေး သွားစအုံးမယ်
အဂါးးး မင်းကတော့ ကလေးတွေ မြင်ရင်စ ဖို့ပဲ ဒါကြောင့် ကလေးတွေက မင်းဆို ကြည့်မရတာ
မင်းကလဲကွာ ငါက သူတို့ကို ချစ်လို့ စတာပါကွ
မင်းချစ်တာကလဲ ငိုအောင် လုပ်နေသလိုပဲ
YOU ARE READING
STAY WITH YOU><
Fanfictionချစ်လား ခဏ ခဏ မေးတတ်တဲ့ ဒီယုန်ပေါက် လေးကို ကြာလေကြာလေ ချစ်မဝလေပဲ ကို့ကို့ အချွဲလေး🐰💫