1.2 _

735 141 32
                                    

-UNICODE-

[ Rookie Actor Yang Jungwon and C.L.O.U.D's CEO Park Sunghoon are dating. Their Company confirms about their dating news and Park Sunghoon also confirms. They have been dating over a year and ... ]

ထိုသတင်းသည် ထွက်ပြီးတာနဲ့ တစ်နာရီတောင် မပြည့်သေးခင်မှာပဲ ဆိုရှယ်မီဒီယာတွေရဲ့ခေါင်းစီးပိုင်းတော်တော်များများမှာ နေရာယူလာသည်။ ယန်းဂျောင်ဝန်း၏မပြီးစီးနိုင်သော Dating Rumorက သူတို့ကို မတုန်လှုပ်စေတော့ဘူးဆိုပေမဲ့၊ အတည်တကျကြီး ထွက်ကျလာတဲ့ ဤသတင်းကတော့ အုတ်အော်သောင်းနင်းဖြစ်စေတာ အမှန်ပါပဲ။

ဂျုံဆောင်းက သည်နေ့ ကုမ္ပဏီကို သွားရမှာကြောင့် စောစောနိုးနေသည်။ တကယ်တော့ အိပ်မပျော်တာပါ။ ဂျောင်ဝန်းနဲ့ မတွေ့ရတဲ့ ရက်တွေဆို အိပ်လို့လည်း မပျော်ဘူး။ ညသန်းခေါင်အထိ တငိုင်ငိုင်နဲ့ ဟိုတွေးသည်တွေးတွေ လျှောက်တွေးနေတတ်ပြီး၊ မနက်ကျတော့လည်း အစောကြီး နိုးနေတတ်သည်။

အလုပ်သွားဖို့ ထ,လာတာဆိုပေမဲ့ ဂျုံဆောင်း အလုပ်သွားဖြစ်လိမ့်မည်မထင်တော့။ SNSကိုကြည့်ပြီး အကြာကြီး ထိုင်နေမိသည်။ ဖုန်းသုံးရတာ မကြိုက်တဲ့သူက ဂျောင်ဝန်းအကြောင်းတွေကို အမြဲတစေ သိချင်နေတော့ သုံးတတ်လာအောင် ကြိုးစားခဲ့ရတာပဲ။ အဲ့တာ မှားများမှားသွားပြီလား။ သူသာ ဖုန်းကို မကြည့်မိလျှင် အဆင်ပြေပြေပဲ ရှိနေလေမလား။ လုပ်ရက်လိုက်လေခြင်းလို့တော့ မပြောနိုင်ပါဘူး။ မီးစမှန်း သိရဲ့သားနဲ့ တိုးဝင်ချင်ခဲ့တာ ဘယ်သူမို့လို့လဲ။

-

" မဟုတ်သေးဘူး ဂျုံဆောင်းရာ။ မနက်ပိုင်းကြီး သောက်နေတာကတော့ အဆင်မပြေဘူး။ "

သူ့လက်ထဲက အရက်ပုလင်းကို ဆွဲလုရင်း ယောန်ဂျွန်းက တားသည်။ သို့သော် အခုချိန်မှာ ဘယ်သူ့စကားမှ သူ့နားထဲ ဝင်မှာမဟုတ်ဘူး။ သူ့ရင်တွေ ဘယ်လောက်ထိ ပူလောင်နေရတယ်ဆိုတာ သူကိုယ်တိုင်သာ အသိဆုံး ဖြစ်ပါလိမ့်မည်။ သောင်းကျန်းရအောင်လည်း သူ့အဖြစ်က တိတ်တိတ်ပုန်း အတွဲခံနေရတဲ့အဖြစ်ထက် မပိုခဲ့။ သူ့ကိုယ်သူ အထင်ကြီးမိခဲ့တာ။ သူ့ကိုတော့ ဂျောင်ဝန်းက တခြားသူတွေထက် နည်းနည်းလောက် ပိုချစ်လိမ့်မယ်လို့ အထင်တွေကြီးခဲ့မိတာပဲ။

𝖲𝗍𝗎𝖼𝗄𝗂𝗇𝗀 𝖨𝗇 𝖳𝗁𝖾 𝖦𝗋𝖾𝗒 𝖲𝖼𝖺𝗋𝗌Where stories live. Discover now