မူးမူးရူးရူးနဲ့ အခန်းငယ်လေးရှိပစ္စည်းများကိုရိုက်ခွဲနေတဲ့လူတစ်ယောက်
"စောက်ကောင်မ ပိုက်ဆံ ဘယ်မှာလဲ လို့ပြောနေတယ်"
"မရှိဘူးလို့ပြောနေတယ်လေ ရှင် နားမလည်ဘူးလား"
"ဘာကိုမရှိတာလည်းကောင်မနင်ဖွတ်လိုက်တာကိုငါမမြင်ဘူးလို့ထင်နေတာလား အခုချက်ချင်းထုတ်ပေးစမ်း"
ထိုအမူးသမားက သူ့ရဲ့အမျိုးသမီးဖြစ်ပုံဟန် အမျိုးသမီးအား ဆံပင်အရင်းမှဆောင့်ဆွဲလျက်
"အာ့ ရှင် လွှတ် ကျမကိုလွှတ်""Por Mae ကိုလွှတ်ပေးပါ por"
မျက်ရည်စီးချောင်းများနဲ့ကောင်ငယ်လေးမှာ မျက်စိအလင်းရောင်မရှိ လက်များကရှေ့သို့နှင့်ကာဆန်တဝါးဝါးဖြင့်
"ဘေးဖယ်စမ်း အကန်းကောင်"
ပြောပြောဆိုတွန်းလိုက်တာကြောင့်ဘေးဘက်သို့ယိုင်ခနဲ
"ရှင်ကျမသားကို မထိနဲ့ ရှင် တောင်းတဲ့ပိုက်ဆံကို ကျမပေးလည်းမပေးနိုင်ဘူး ဒါက ကျမသားလေးကိုဆေးကုဖို့"
"ဟား ဖအေရင်းဖြစ်တဲ့ငါတောင်မကုတာ မင်းလိုမိေထွးအဆင့်က ဘာ ဝင် ရှည်တာလဲ အဲ့လောက်တောင် သဲသဲလှုပ်ချစ်နေတဲ့သားလေးကို ငါကရိုက်ပေးရမှာပေါ့ လာစမ်းမင်း"
လည်ဂုတ်မှ ကိုင်ကာ မညှာမတာ ကြမ်းပြင်ပေါ်သို့ ပစ်လှဲခံရတဲ့ကောင်ငယ်လေး
"သားလေး!!! ရှင်ဘယ်လိုဖြစ်နေလဲ ဒါရှင့်ရဲ့သားအရင်းနော်""အဲ့တော့ငါကဘာလုပ်ရမှာလဲ ဒီဂျိုဆိုးကောင်ကြောင့်ငါစီးပွားပျက်တာ ဘေးဖယ်စမ်း"
"ရှင့်ဘာသာရှင်စောက်သုံးမကျပဲ လောင်းကစားလုပ်လို့ မွဲတာလေ ဘာလို့အပြစ်မရှိတဲ့ကလေးကိုလွှဲချနေတာလဲ"
"ကောင်မ အတော် နှုတ်သီးကောင်းနေတယ်ပေါ့"
သူမပါးပြင်ထပ်ရောက်ရှိလာတဲ့လက်ဝါးရဲ့ပူထူမှုကအသံကြားရုံမျှနှင့်အရှိန်မည်မျှရှိမည်ကိုမှန်းဆနိုင်သည်။"Mae"
"လာစမ်း Atthaphanမင်းကို သိပ်ချစ်တဲ့မိထွေးရှေ့မှာ ဒီနေ့အသေရိုက်သတ်ပြမယ်"