🪐𝙒𝙞𝙩𝙝𝙤𝙪𝙩 𝙔𝙤𝙪 🪐( 𝙈𝙮 𝙁𝙤𝙧𝙚𝙫𝙚𝙧 𝙎𝙪𝙣𝙨𝙝𝙞𝙣𝙚🌤️ )

431 25 3
                                    

'' ကြာလိုက်တာကွာ ''

Jungkook တစ်ယောက် Euphoria Cafe ဆိုင်မှာထိုင်နေတာ နာရီဝက်နီးပါး ရှိနေပေမဲ့ သူစောင့်မျှော်နေသော တစ်စုံတစ်ယောက်က အခုထိကို မရောက်လာသေးသဖြင့် စိတ်မရှည်စွာနဲ့ ငြီးမိသည်။ သူအချိန်မလေးစားတာကို လုံးဝမကြိုက်ပါ။ အဖေက သူ့ကိုသင်ပေးဖူးတယ်။ လူဆိုတာ တခြားအရာတွေကို မလေးစားရင် ရတယ်။  မလေးစားနဲ့၊ အေး ဒါပေမဲ့ အချိန်ကိုမလေးစားရင်တော့ အဖေသိပ်မုန်းတယ် သား။ အဖေတို့ အတွက် အချိန်ဆိုတာ အရမ်းတန်ဖိုးရှိတဲ့အရာ။ ဘယ်အရာနဲ့မှလဲလှယ်လို့မရတဲ့ တစ်ခုတည်းသောအရာမို့ မင်းအချိန်ကို ဘုရားတစ်ဆူလို လေးစားရမယ်။ အချိန်ဆွဲတတ်တဲ့ အကျင့်၊ ပျင်းတဲ့အကျင့်၊ အချိန်မလေးစားတဲ့အကျင့်တွေကို လုံးဝမရှိစေနဲ့။ ရှိနေရင်လည်း မရရအောင် အဲ့အကျင့်ကိုဖျက်။ မင်းမှတ်ထား။ အချိန်မလေးစားတဲ့သူက ဘယ်တော့မှ မတိုးတက်ဘူး။ အဲ့စကားကိုမှတ်ထားလို့ ဖေဖေက သိတတ်စအရွယ် ငါးနှစ်သားကတည်းက သူ့အားရင်ထဲကို ကျောက်ချထားခဲ့သည်။ ဒါကြောင့်အခုချိန်အထိလည်း သူကိုယ်တိုင်ကိုက အချိန်အရမ်းလေးစားသလို၊ အချိန်မလေးစားတဲ့သူကိုလည်း.သေလောက်အောင် မုန်းသည်။ ဒါပေမဲ့ အခုသူစောင့်နေတဲ့ တစ်ယောက်တည်းသော သူတော့မပါဘူးပေါ့ဗျာ။ ထိုသူလေးကတော့ သူ့ရဲ့အရာအားလုံးကို လွှမ်းမိုးနိုင်သလို၊ သူ့ရဲ့ လွှမ်းမိုးမှူအောက်ကိုလည်း သူကိုယ်တိုင်ကပင် ကျောခင်းပေးနေခြင်း။ ဘယ်တတ်နိုင်မလဲဗျာ။ ကျွန်တော်က သူ့ကို အရမ်းချစ်တာကို။

'' Jungkook စောင့်နေရတာကြာသွားလား။ Sorryကွာ။ Lily က ငါ့ကို Shoppingလိုက်ပို့ခိုင်းနေလို့။ မင်းကလည်း နည်းနည်းပါးပါးမှာပြီး စားနေတာမဟုတ်ဘူး။ ငါမလာမချင်းကို ထိုင်စောင့်နေတာပဲ။ ''

'' ငါဘယ်တုန်းကများ မင်းကို မစောင့်ပဲ ကိုယ့်စိတ်တိုင်းကျလုပ်ခဲ့ဖူးတာရှိလို့လဲ Taehyung။ အပိုတွေပြောမနေနဲ့။ နာရီဝက်စောင့်လို့ မသေသွားဘူး။ မင်းဒီထပ်ပိုကြာတဲ့ အချိန်အထိကို ငါစောင့်ခဲ့ဖူးတယ် မဟုတ်ဘူးလား။ ''

Jungkookလည်း သူ့ရဲ့ ချစ်ရသူလေးအကြောင်းတွေးနေတုန်း ရုတ်တရက် ဘေးက ခုံပေါ်သို့ ခြေပြစ်လက်ပြစ် ထိုင်ချကာ ပုခုံးပေါ်သို့စွပ်ထားသော ဘေးလွယ်အိတ်ကိုချွတ်ရင်း သူ့အားကြာသွားလို့ တောင်းပန်နေတဲ့အပြင်၊ မစားမသောက်ပဲ ကျောက်ရုပ်အတိုင်းထိုင်နေသော သူ့ရဲ့ငယ်သူငယ်ချင်း Kim Taehyungက သူ့အား ကလေးဆူသလို လာဆူနေသောကြောင့် သူလည်း ပြန်ချေပလိုက်ပါသည်။ ဟုတ်တယ်လေ။ သူဒီလိုနောက်ကျတာ ဒါပထမဆုံးအကြိမ်မှ မဟုတ်တာ။ အခုနာရီဝက်ကမှ တော်သေးတယ် ပြောရမယ်။ Jungkook Final Exam ဖြေတုန်းက All D ထွက်ခဲ့သဖြင့် ထူးချွန်ဆုရတုန်းကလဲ Taehyung က သူဆက်ဆက်လာမယ်လို့ ကတိပေးထားသဖြင့် Jungkookလည်း Taehyungမလာမချင်းဆုမယူဘူးလို့ ဆုံးဖြတ်ထားကာ ဆုပေးပွဲစချိန် မနက် 9:00ထဲက Taehyungအား ထိုင်စောင့်နေပေမဲ့ Taehyungကတော့ နေ့လည် 3:00မှ ရောက်လာခဲ့သည်။ Jungkookကို လူကြီးမိဘတွေ၊ ကျောင်းက ဆရာ၊ ဆရာမတွေက အချိန်တွေကုန်တယ်၊ စောင့်မနေနဲ့တော့။ ကိုယ့်နောက်မှာလူတွေအများကြီးလို့ ဘယ်လိုပဲနားချနားချ Taehyungမှ မလာရင် လုံးဝဆုမယူဘူးလို့ ဆုံးဖြတ်ထားသောကြောင့် လူတိုင်းက Jungkook ကို စိတ်ပျက်စွာဝိုင်းကြည့်ကြသည်။ သို့သော်လည်း သူဂရုမစိုက်။ သူ့ရဲ့ချစ်ရသူမပါတဲ့ ဆုပေးပွဲကို သူလုံးဝမတက်ဟု ဆုံးဖြတ်ထားသောကြောင့် Taehyungလာတဲ့ ညနေ သုံးနာရီမှ ဆုယူဖြစ်သည်။ ဘာကြောင့်နောက်ကျလဲ မေးတော့ Lilyကို Spaလိုက်ပို့ပြီး ရုပ်ရှင်ကြည့်နေရလို့ သူ့ရဲ့ဆုပေးပွဲကိုမေ့သွားတာတဲ့။ Taehyungပြောလိုက်တဲ့စကားကြောင့် Jungkookရဲ့ နှလုံးသားတစ်ခုလုံး မီးစများထိုးထားသလို ပူပြီးစပ်အောင့်လာသည်။ ကိုယ့်ရဲ့ဆုပေးပွဲကို မင်းက မေ့နေခဲ့တယ်။ အေးပေါ့လေ ကိုယ်ဆိုတာ မင်းအတွက် Lilyရဲ့ဆံစတစ်မျှင်လောက်တောင် အရေးမပါခဲ့ဘူး မလား။ အဲ့တုန်းကလည်း အချိန်ဆွဲရတာမုန်းလွန်းတဲ့ သူက တစ်နေကုန်Taehyungကိုထိုင်စောင့်နေသောကြောင့် လူတိုင်းကပင် အံ့သြမှင်သက်ကြရသည်။ လူတွေဘယ်လိုပဲ ထင်ထင် ကျွန်တော်ကတော့ ဂရုစိုက်နေမယ်ထင်လား။ ဝေးသေး ကျွန်တော်ဂရုစိုက်တာ အရှေ့က ပြေးလာရလို့ မောပြီး လက်ဖျားလေးတွေနဲ့ နားသယ်စပ်က ချွေးများကို ဖိသုတ်နေသော နတ်သားလေး။ သူရဲ့ Kim Taehyungက ယောကျ်ားလေးဆိုပေမဲ့ မိန်းကလေးတွေတောင် လုံးဝမယှဥ်နိုင်တဲ့ အလှမျိုးနဲ့  ကို လှတယ်။ မြင်သူတိုင်း ကျား၊မ မရွေး ရူးခါသွားလောက်အောင်ကို သူ့အလှမှာ မနစ်မြုပ်တဲ့သူမရှိ။ အဲ့ထဲမှာ ကျွန်တော် Jeon Jungkookကတော့ ထိပ်ဆုံးပေါ့ဗျာ။ သူ့ကို ကလေးပိုးမွေးထားသလို တယုတယနဲ့ကို မြတ်မြတ်နိုးနိုးချစ်ရတာ။ သူ့ကိုတော့ အရှေ့က ကောင်လေးက သူငယ်ချင်းထပ်ပင်မပို။

𝐃𝐀𝐑𝐊 𝐁𝐑𝐎𝐖𝐍 𝐈𝐃𝐄𝐀 (Oɴᴇ Sʜᴏʀᴛ Iᴅᴇᴀ)Where stories live. Discover now