𝗨𝗡𝗙𝗢𝗥𝗚𝗘𝗧𝗧𝗔𝗕𝗟𝗘

93 6 0
                                    

လူတိုင်းရဲ့ ဘဝမှာ မမေ့နိုင်တဲ့ အမှတ်တရများစွာရှိကြပါတယ်။ မမေ့နိုင်တဲ့ အမှတ်တရဆိုတာကလည်း သူတို့ရဲ့ ဖြတ်သနလာရတဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး အရာတွေထဲက သူတို့အစွဲလမ်းဆုံး မေ့လို့ကိုမရနိုင်တဲ့ ကိစ္စရပ်တစ်ရပ်ဖြစ်မယ်လို့ ယူဆပါတယ်။ ငါ့မှာလည်း မမေ့နိုင်တဲ့ အဖြစ်အပျက်လေးတစ်ခုရှိခဲ့ဖူးပါတယ်။ အဲ့တာကတော့ ဒီနေ့အထိငါ့နှလူံသားအတွင်းသားထဲထိပါ စိမ့်ဝင်နေအောင် စွဲလမ်းနေတဲ့ အရာတစ်ခုပါ။ ငါ့အကြောင်းနားထောင်ကြည့်ကြရအောင်။

ငါဆိုရှယ်မီဒီယာကို စစသုံးတုန်းက အရမ်းကိုတုံးပြီး နုံအတဲ့ ကလေးမတစ်ယောက်ဖြစ်ခဲ့တယ်။ ငါအချိန်ပြည့်လိုင်းသုံးနေတာက ငါ့ဘဝအတွက် အကျိုးယုတ်စေမယ်ဆိုတာကို ငါမစဉ်းစားမိဘူး။ သဘောလည်းမပေါက်ခဲ့ဘူး။ သူနဲ့မတွေ့ခင်အချိန်ထိပေါ့။ သူ့နာမည်က .....တဲ့။ ငါ့ထပ်သုံးနှစ်ငယ်တဲ့ ကလေးမလေး။ ငါ့ဘဝကို ရှင်သန်စေတဲ့ အကြောင်းပြချက်လည်း ဖြစ်တယ်။ သူ့ကိုစစသိတော့ သူငါ့နာမည်ကို မခွန်းမှ မမေးခဲ့ဘူး။ ငါ့အတွက်တော့အရမ်းခဲယဉ်းတယ် သူ့အနားကပ်ဖို့က ငါသူ့ကိုသွားမိတ်တက်တော့လည်း အင်းလို့ပဲ ပြောတယ်။ ငါအရမ်းဝမ်းနည်းမိတယ်။ သူကငါ့အကြောင်းကို စိတ်လည်းမဝင်စားသလို၊ ငါ့ဆိုတာ သူ့အတွက်အရေးမပါတဲ့ လူလို့သိလိုက်ရတယ်။ ငါကတော့ သူ့ကိုနေ့တိုင်း stalkလုပ်ထားတာ သူ့အကြောင်းကိုသာ မှတ်တမ်းတင်ပြရရင် ငါဟာ ကမ္ဘာ့အထူးချွန်ဆုံးလူ ဖြစ်နေမှာ သေချာပေါက်ပဲ။

တစ်နေ့တော့ သူနဲ့ငါနဲ့ ဝေးခဲ့ရတယ်။ တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် ငါဘဝတစ်ခုလုံး အမှောင်တွေဖုံးလွှမ်းသွားခဲ့ပေမယ့် သူကတော့ဘာမှမဖြစ်ဘူး အဆင်ပြေတယ် ငါမရှိတဲ့ နေရာကိုရောက်ရင်တောင်မှပေါ့။
သူမရှိတဲ့ အတောအတွင်း ငါအရူးတစ်ယောက်လိုဖြစ်ခဲ့ရတယ်။ သူ့ကိုလွမ်းလာတိုင်း သူနဲ့စကားပြောထားတဲ့ စာလေးတွေကို ပြန်ဖတ်ရင်း ငိုခဲ့ရတဲ့ ညတွေမနည်းခဲ့ဘူး။ အချိန်အတော်ကြာတော့ ငါသူနဲ့ပြန်ဆုံတွေ့တယ်။ ငါအရမ်းတုန်လှုပ်ပြီး အသိစိတ်ပျောက်သွားတဲ့အထိ ပျော်မိတယ်။ သူ့ကိုငါစကားသွားပြောတော့ သူငါ့ကို ပြောလ်ုက်တဲ့ စကားတစ်ခွန်းကြောင့် ငါသတိမလစ်ရုံတမယ် ဖြစ်သွားခဲ့ရတယ်။ အဲ့တာက " မင်းကဘယ်သူလဲတဲ့ "

You've reached the end of published parts.

⏰ Last updated: Oct 22, 2023 ⏰

Add this story to your Library to get notified about new parts!

𝐃𝐀𝐑𝐊 𝐁𝐑𝐎𝐖𝐍 𝐈𝐃𝐄𝐀 (Oɴᴇ Sʜᴏʀᴛ Iᴅᴇᴀ)Where stories live. Discover now