(UNICODE)
နေရောင်ခြည်တွေခြုံလွှမ်းလျက်ရှိသော ဆိုးလ်မြို့၏နံနက်ခင်းတစ်ခု...။
တိတ်ဆိတ်ငြိမ်သက်ပြီးလူချမ်းသာများသာနေထိုင်သော ရပ်ဝန်းတစ်စုံ..။နံနက်စောစောသာရှိသေးသောကြောင့် လမ်းအတွင်းရှိလူများအိမ်မောကျတုန်းပင်..။
သို့သော်............။
မအိပ်နိုင်ဘဲ တစ်အိမ်သားလုံး အိပ်ရှင်မှအစ ထမင်းချက် စသည်အထိ အိမ်တွင်ရှိသမျှလူအကုန်လုံး လှုပ်လှုပ်ရွရွအလုပ်လုပ်ရသည်က JEONစံအိမ်တော်။အကြောင်းကား။
ထိုအိမ်တော်၏အရှင်မ Jeon Yuu Shin၏တစ်ဦးတည်းသောသားLAမှပြန်ရောက်လာမည်ဖြစ်သောကြောင့်ပင်ဖြစ်သည်။သို့သော်...။
JEONအိမ်တော်၏သခင်မသည် ရှေ့အပတ်ပင် လွတ်ငြိမ်းသောကောင်ကင်ဘုံမှာစံမြန်းနေပြီဖြစ်သည်။
ပို၍ရိုးရှင်းအောင်ပြောရမည်ဆိုလျှင် သူမသည် ရှေးအပတ်ကပင် နှလုံးရောဂါဖြင့်သေဆုံးပြီးဖြစ်သည်။"လေးငယ် အားလုံးအဆင်ပြေတယ်မို့လား"
"ပြေပါတယ်ထယ်ယောင်းရဲ့ ဘာမှလဲစိတ်အဲ့လောက်ပူမနေပါနဲ့"
"ဟုတ်ကဲ့ လေးငယ်"
"သခင်ငယ် ကျွန်တော်တို့လေဆိပ်ကိုသွားလိုရပါပြီခင်ဗျ အကုန်လုံးအဆင်သင့်ပါပဲ"
"အေး သွားကြတာပေါ့"
ကားဒရိုင်ဘာကလာပြောသောကြောင့် သခင်မကြီး၏သားအားသွားကြိုရန် အိမ်ရှိအလုပ်သမားများက သခင်ငယ်ဟုခေါ်ကြသော သခင်မကြီး၏မောင်တစ်ဝမ်းကွဲ Kim seok jin ထွက်လာလိုက်သည်။
ဆင်ဝင်အောက်ရောက်ခါမှ~~
"ထယ်ယောင်းမင်းလဲလိုက်အုံးမလား"
"မလိုက်တော့ပါဘူး လေးငယ်"
"ထယ်ယောင်းငါပြောမယ်နော်~မင်းအများတွေပြောနေတော့ အကြောင်းတွေကိုဘားမှစိတ်ထဲထားမနေနဲ့~"
"ဟုတ်ကဲ့လေးငယ်"
"အေး ဒါဆိုငါသွားပြီးနော်"
ပြောရင်းကားထဲကိုဝင်ကာလေဆိပ်ကိုထွက်သွားသောဆော့ဂျင်အားထယ်ယောင်းကြည့်နေပြီးကားခြံပြင်ရောက်မှအိမ်ထဲပြန်ဝင်သွားသည်။