PART-1

528 46 7
                                    

(UNICODE)

နေရောင်ခြည်တွေခြုံလွှမ်းလျက်ရှိသော ဆိုးလ်မြို့၏နံနက်ခင်းတစ်ခု...။
တိတ်ဆိတ်ငြိမ်သက်ပြီးလူချမ်းသာများသာနေထိုင်သော ရပ်ဝန်းတစ်စုံ..။

နံနက်စောစောသာရှိသေးသောကြောင့် လမ်းအတွင်းရှိလူများအိမ်မောကျတုန်းပင်..။
သို့သော်............။
မအိပ်နိုင်ဘဲ တစ်အိမ်သားလုံး အိပ်ရှင်မှအစ ထမင်းချက် စသည်အထိ အိမ်တွင်ရှိသမျှလူအကုန်လုံး လှုပ်လှုပ်ရွရွအလုပ်လုပ်ရသည်က JEONစံအိမ်တော်။

အကြောင်းကား။
ထိုအိမ်တော်၏အရှင်မ Jeon Yuu Shin၏တစ်ဦးတည်းသောသားLAမှပြန်ရောက်လာမည်ဖြစ်သောကြောင့်ပင်ဖြစ်သည်။

သို့သော်...။
JEONအိမ်တော်၏သခင်မသည် ရှေ့အပတ်ပင် လွတ်ငြိမ်းသောကောင်ကင်ဘုံမှာစံမြန်းနေပြီဖြစ်သည်။
ပို၍ရိုးရှင်းအောင်ပြောရမည်ဆိုလျှင် သူမသည် ရှေးအပတ်ကပင် နှလုံးရောဂါဖြင့်သေဆုံးပြီးဖြစ်သည်။

"လေးငယ် အားလုံးအဆင်ပြေတယ်မို့လား"

"ပြေပါတယ်ထယ်ယောင်းရဲ့ ဘာမှလဲစိတ်အဲ့လောက်ပူမနေပါနဲ့"

"ဟုတ်ကဲ့ လေးငယ်"

"သခင်ငယ် ကျွန်တော်တို့လေဆိပ်ကိုသွားလိုရပါပြီခင်ဗျ အကုန်လုံးအဆင်သင့်ပါပဲ"

"အေး သွားကြတာပေါ့"

ကားဒရိုင်ဘာကလာပြောသောကြောင့် သခင်မကြီး၏သားအားသွားကြိုရန် အိမ်ရှိအလုပ်သမားများက သခင်ငယ်ဟုခေါ်ကြသော သခင်မကြီး၏မောင်တစ်ဝမ်းကွဲ Kim seok jin ထွက်လာလိုက်သည်။

ဆင်ဝင်အောက်ရောက်ခါမှ~~

"ထယ်ယောင်းမင်းလဲလိုက်အုံးမလား"

"မလိုက်တော့ပါဘူး လေးငယ်"

"ထယ်ယောင်းငါပြောမယ်နော်~မင်းအများတွေပြောနေတော့ အကြောင်းတွေကိုဘားမှစိတ်ထဲထားမနေနဲ့~"

"ဟုတ်ကဲ့လေးငယ်"

"အေး ဒါဆိုငါသွားပြီးနော်"

ပြောရင်းကားထဲကိုဝင်ကာလေဆိပ်ကိုထွက်သွားသောဆော့ဂျင်အားထယ်ယောင်းကြည့်နေပြီးကားခြံပြင်ရောက်မှအိမ်ထဲပြန်ဝင်သွားသည်။

𝐁𝐞 𝐈𝐧 𝐋𝐨𝐯𝐞 𝐖𝐢𝐭𝐡 𝐇𝐈𝐌Where stories live. Discover now