1|ᴜɴɪᴄᴏᴅᴇ

311 36 1
                                    

" ခင်များရူးနေလား ရေထဲခုန်ချရအောင် "

လက်ကို အတင်းဆွဲပြီး
သူ့ကို ကယ်လာတဲ့ အသက်သခင်ကျေးဇူးရှင်ကို
ဂျောင်းဝူ
ပေတေတေ ကြည့်ပြီး

" မင်းနဲ့ဘာဆိုင်လဲ "

" ခင်များသေမှာဆိုးလို့လေ "

သူ့ကို ကယ်ပေးမိတာတောင်
အမှားတခု ကျူးလွန်သလို
ဟာရူတို စိုက်ကြည့်ခံနေရပြီ

" ငါသေတာကရော မင်နဲ့ဘာဆိုင်လို့လဲ
နေပါအုံး မင်းက ငါသေမှာ စိတ်ပူပေးနေရအောင် ငါ့ကိုကြိုက်နေတာလား "

ဟုတ်သည်လေ
သူမေးတာ မှားသလား
‌ကိုယ့်ဟာကို ဆူဆိုက်လုပ်လိုက်တာ
ဘယ်သူ့ဆီကခွင့်တောင်းရအုံးမလဲ ဟက်

" ဘာဗျ "

အခုလိုကျတော့ မျက်နှာကြီးနီပြီး ဒေါသထွက်နေတဲ့
ထိုလူငယ်က ချစ်ဖို့တော့ကောင်းသား

" ဟက်....ငါ့ကိုတောင်သူတို့က ရှိတယ်ထင်တာမဟုတ်ဘူး
ငါသေလဲ သူတို့ပျော်မှာ ဒီမှာ ငါသေရင်သူတို့ပျော်ပြီ ဘယ်လောက်ကောင်းလဲ ငါက လူအများကြီးကို ပျော်အောင်ဖန်တီးပေးနိုင်တာ ခိခိ "

ရင်ထဲက ရှိနေတာတွေကို ထုတ်ဖော်ပြီး
အရူးတျောက်လို ရယ်နေ‌တဲ့ ဂျောင်းဝူကိုကြည့်ပြီး
ရူတို ဆိုလိုက်တယ်

" ခင်များ မသေရဘူး "

" ဘာလို့ "

" ကျုပ်ခင်များကို သေခွင့်မပေးနိုင်ဖူး "

" ဟေ့ကောင်မင်းက ဘလိုင်းကြီးပါလား "

သူ့ကိစ္စမဟုတ်ဘဲ ကိုယ့်ဟာကိုသေမှာတောင်
ဒီကောင်အလာကြီးပါလား

" ကျွန်တော် ခင်များကို သဘောကျတယ် "

" ဘာ "

ဒီတခါ ရှော့ခ်ရသွားတာတာ့ ဂျောင်းဝူကိုယ်တိုင်ပင်

" ဟုတ်တယ် ခင်များဘဲပြောတယ်လေ မသေစေချင်ရအောင် ငါ့ကိုကြိုက်နေတာလားလို့လေ "

ဟုတ်တယ် လူတယောက်အသက်ကို ကယ်ဖို့
မင်း ဒီလောက်တော့ရင်းနိုင်ရမယ်
ဒါမှ ရူတို ဆိုတဲ့ ပါပါးပြောနေကျ လူကောင်းလေး ဖြစ်မှာ
အထိုအခါမှ ခေါင်းငုပ်ကာ တွင်တွင်ရှက်နေတဲ့‌ ဂျောင်းဝူကို
ရူတိုတယောက် ကျေနပ်ပြုံးကြီး ပြုံးလို့ကြည့်နေလိုက်တယ်

Cᴇᴏ.ParkDonde viven las historias. Descúbrelo ahora