" သားငယ် နိုးပြီလား "
အချိန်အားဖြင့် မနက် ၇နာရီ....
သူဘားမှပြန်မပြောဖြစ် ခေါင်းတချက်ညိမ့်ပြီးသာ
ရှေ့က မိခင်ဖြစ်သူရှေ့ဝင်ထိုင်ဖြစ်တယ်" သားငယ် ကြိုက်တဲ့ နွားနို့။ ရော့.... "
သူ့ရှေ့ကို သူမ ကိုယ်တိုင်ချပေးလာတဲ့
နွားနို့ခွက်" ကျေးဇူးပါ အိုမား "
သူမ က အနည်းငယ်ပြုံးလိုက်တယ်
" ကျွန်တော့် အာပါးကို တွေ့ချင်တယ် "
မနေ့ကတည်းက တွေ့ချင်ပေမဲ့
မတွေ့ဖြစ်လိုက် လေယာဉ်အကြာကြီး စီးလာတာဆိုတော့
လူက တကိုယ်လုံး ညောင်းကိုက်နေခဲ့တာ
ပင်ပန်းပြီး ဘားမှမလုပ်နိုင်ခဲ့
သည်နေ့တော့ တွေ့ဖြစ်အောင်တွေ့ချင်ပါသည်။
မိခင် ဖြစ်သူကို သူဘယ်လောက်ဘဲ နာကျည်းနေပါစေ
သူ့ အာပါး ကတော့ အမြဲ သူ့ဘက်မှာ
ရပ်တည်ပေးနေခဲ့တာ မဟုတ်လား" အိုမား မသွားပါရစေနဲ့ မသွားချင်ဘူး အာပါး ကူပြောပေးပါ "
မိခင်ဖြစ်သူကိုတလှည့် ၊
ဖခင်ဖြစ်သူကိုတလှည့်
မသွားချင်ကြောင်း တောင်းဆိုနေတဲ့ ကလေးငယ်ရဲ့
မျက်ဝန်းအိမ်မှာ ပုလဲအုတွေထက်တောင် လှတဲ့ မျက်ရည်တွေခနေတယ်" သားငယ်! မင်းသွားရမယ်လို့ ပြောထားပြီးသားလေ "
ခက်ထန်လှတဲ့ မိခင်ဖြစ်သူရဲ့
စကားကြားမှာ ပိုတိုးလို့ ငိုနေတဲ့ ကလေးငယ်
အဖေဖြစ်သူကတော့ မတက်နိုင်စွာ စိတ်မကောင်းဖြစ်နေယုံမှ လွှဲ၍မရှိ" ကလေးကို အရမ်းအတင်းကြပ်မခိုင်းပါနဲ့လား
ငယ်သေးတယ်လေ "" ရှင်ဘာသိလဲ ? ကျွန်မ လုပ်နေတာသူ့အတွက်ဘဲ "
" မင်း.....ငါလဲ ငါ့သားကို ကောင်း"ပြုစုနိုင်ပါတယ်ကွ "
" ဘာလဲ....စတူဒီယို ထဲမှာ လေ့ကျင့်ခိုင်းပြီး စင်မြင့်ပေါ်တင်ဖို့လား "
" ဘယ်လိုဘဲဖြစ်" သူဝါသနာပါတာကိုတော့ ဖခင်ဖြစ်တဲ့ ငါကလုပ်ပေးချင်တယ် "
" မိခင်ဖြစ်တဲ့ ကျွန်မက လက်မခံဘူး "
ရန်ဖြစ်စကား များနေတဲ့
မိဘ နှစ်ပါးကို မျက်ရည်လေး စက်လျက်နဲ့
ကြည့်နေတဲ့ ကလေးငယ်တယောက်လဲ ရှိနေတယ်
YOU ARE READING
Cᴇᴏ.Park
FanfictionSTART : 1 MAY 22 END : - TITLE : Cᴇᴏ.Park UPDATE : - LANGUAGE : MYANMAR ( Uni-Zaw )