Ch(1)
•ဘူဆန်ရေ ငါလာပီကွ•ဘူဆန်
"ဘူဆန်"လို့ကြားလိုက်တာနဲ့ ခင်များတို့စိတ်ထဲမှာ ဘယ်အရာကို ပထမဦးဆုံး ပြေးမြင်မိကြလဲ ?
အင်းးး .....ပြောရရင်
ဖြူလွလွဆီးနှင်းပေါက်တွေတဖွဲဖွဲ၊ ညှင်းသွဲ့သွဲ့လေနုအေးက တဖြူးဖြူး၊စိတ်ကူးပေါက်ရင်ရံဖန်ရံခါအလည်လာတတ်သောမိုးကတအေးအေး နဲ့ငြိမ်းချမ်းမှုအပေါင်းခညောင်းရာနိဗ္ဗာန်ဘုံငယ်လေး (သို့မဟုတ်) ပန်းပေါင်းစုံတို့မွေ့လျော်ရာ ပန်းတို့၏ဌာနေကလေးရာချီထောင်ချီသည့်မွေးမြူရေးခြံတွေကိုဖြတ်တိုက်လာသောဘူဆန်လေညှင်းက ပန်းရနံ့တွေကိုသာမက ကျွဲ နွား ကြက် ဝက် ဘဲ အစရှိသည့် တိရစ္ဆာန်တို့၏စည်းချက်ကျကျအော်မြည်သံတွေကိုပါ တစ်ပါထဲသယ်ဆောင်ရင်း အမျိုးစုံသောသီးနှံစိုက်ခင်းတွေဆီသို့ထပ်မံခရီးဆက်သည်
ကျွန်တော့အတွက်ကတော့ ဘူဆန်လို့ကြားလိုက်တာနဲ့ ချစ်စဖွယ်အရပ်ဒေသကလေး ဆိုပီးမျက်လုံးထဲတန်းမြင်ယောင်လာမိတယ်။
ဒါပေမယ့်
ဘူဆန်သံကြားလိုက်ရင် အချို့သော ကားဆရာတွေက လက်ဖျားခါကြတယ် ဆိုင်ကယ်ကယ်ရီသမားတွေက ခေါင်းရမ်းပီး ရုံးအသီးသီးရှိစာပို့ဝန်ထမ်းများက နှာခေါင်းရှုံ့ကြတယ်.....အကြောင်းကတော့ ဘူဆန်သည် ကိုရီးယားနိုင်ငံမှာအခေါင်ဆုံးနဲ့ သွားရလာရအခက်ခဲဆုံးမြို့ငယ်ကလေး။
တောင်ကုန်းတောင်စောက်တွေကို ပတ်ကာဝေ့ကာ ဖောက်လုပ်ထားသည့် မြွေလိမ်မြွေကောက်လမ်းလျှောကလေးတွေက ရိုလာကိုစတာစီးနေရသလိုခံစားချက်မျိုးကိုပေးစွမ်းနိုင်ပေမယ့် သက်ကြီးရွယ်အိုများနဲ့အမြင့်ကြောက်တတ်သူများကတော့ ထိုအခမဲ့ရိုလာကိုစတာ ဝန်ဆောင်မှုကိုနှစ်ခြိုက်ကြဟန်မတူ။ ကားမူးတတ်သူများအဖို့လဲ အကွေ့အဝိုက်များသည့် ဘူဆန်ခရီးစဉ်က သိပ် မသက်သာလှ။
ကုန်သည်များ မိမိတို့ကုန်စိမ်းကုန်ခြောက်တို့ ရောင်းဝယ်ဖောက်ကားဖို့ဆိုပါလျှင် ရထားတစ်တန် ကားတစ်တန်နှင့်ကူးလူးရသည့်အပြင် ဆီးနှင်းထူထဲစွာကျသည့်အချိန်ခါမျိုးနဲ့ကြုံရင် နှင်းလူးရလေ့ရှိပီး မိုးသည်းသည်းကျသည့်ကာလမျိုးတွေမှာ ကံကောင်းရင်ရွှံ့ပါလူးရတတ်သေးသည်။
![](https://img.wattpad.com/cover/308108505-288-k409949.jpg)
YOU ARE READING
ဘူဆန်သားလေးကိုကျွန်တော်ချစ်တယ်
FanfictionFalling in Love with Busan boy 🖤 ယခင်က - "ဂျွန်ဂျောင်ကု မင်းဘူဆန်သွားရမယ် " "ဟာ..... ဘဝငရဲပဲ" ယခု - "မင်းခုချိန်ထိ အိမ်ပြန်မလာနိုင်သေးဘူးလား အဲ့မှာပဲတစ်သက်လုံးနေနေတော့မှာလားဂျောင်ကု ! " "ပြန်မလာပါရစေနဲ့အဖေ ဘူဆန်မှာ ကျနော့နှလုံးသားလေးရှိနေပီမို့ "