'ကျွန်တော် Junkyu hyungကို သဘောကျတယ်'
ခပ်တည်တည် မျက်နှာဘေးနဲ့ သူ့ရှေ့ကကောင်လေးက မသိရင် ဖွင့်ပြောတာထက် အကြွေးလာတောင်းတာနဲ့ပင် ဆင်တူသည်။ သူ့ထက် သိသိသာသာ ရှည်ထွက်နေတဲ့အရပ်ဟာ တိုင်းစရာမလိုအောင် ၆ပေကျော်မှာ အသေချာပင်။
ခပ်တင်းတင်းစိထားတဲ့ နှုတ်ခမ်းရယ် နက်မှောင်နေတဲ့ မျက်၀န်းတွေရယ် ခံစားချက် တစ်စုံတစ်ရာ ဖမ်းလို့မရအောင် အေးစက်လွန်းတဲ့ အနေအထားဟာ ဖွင့်ပြောခံတဲ့ သူတောင် ပြန်တောင်းပန်ရမယ့် အခြေအနေပင်။
'ငါမင်းကိုမသိဘူး'
တိုတိုတုတ်တုတ် အဖြေပေးပြီး ရှေ့ကကောင်လေးကို ကျော်ခဲ့လိုက်တော့ မျက်နှာသေနဲ့ ဘေးနားက လိုက်လာသည်။
'မသိတာ မကြိုက်တာမှ မဟုတ်တာ'
မနက်မိုးလင်း ကပ်သပ်ပြောနေတာကြောင့် Junkyu ခြေလှမ်းတွေ ရပ်တန့်လိုက်ရသည်။
တကယ်လည်း သူဘယ်သူလဲ ဘယ်မေဂျာကလဲ မသိတာ အမှန်ပဲလေ။ မသိတဲ့လူတစ်ယောက်ကို ကြိုက်စရာမရှိတာ ထူးဆန်းတာမှ မဟုတ်ပဲ။'အိုကေ မသိလည်းမသိဘူး မကြိုက်လည်း မကြိုက်ဘူး ပြီးတော့ သိလည်းမသိချင်ဘူး'
ဒီထက်ရှင်းတဲ့ အဖြေထပ်မရှိလောက်အောင် Junkyu ပြောခဲ့တာက အပြတ်။
'မသိချင်လည်း hyung ကျွန်တော့်ကို သိအောင်လုပ်မှာပဲ'
'ကျွန်တော့်နာမည် Haruto ~ Law First Year'
ရှေ့ဆက်သွားတဲ့ ခြေလှမ်းတွေပင် ရပ်မိမတတ်။ သူအခု first year ကောင်လေးရဲ့ ကြောင်တာ ခံနေရတာလား?
ဝေးသွားတဲ့သူ့နောက် ပြေးလိုက်မလာတဲ့ ကောင်လေးကြောင့် သူတကယ် စိတ်အေး သွားရသည်။ Fifth yearရဲ့ ကျောင်းစစတက်ရင်း ရက်မှာ အထူးအဆန်းကြီး ဖွင့်ပြောခံရတာ။ Lawဆောင်က သူတို့ Denistryနဲ့ တခြားဆီကို ဘယ်ကနေဘယ်လို သူ့ကိုလာကြိုက်ရလဲ နားမလည်နိုင်။
ပုံစံလေးက လူမျိုးခြားကိုမှ အဝေးကကြည့်ရင်တောင် ထင်းလင်းနေတာ လက်မခံချင်ပေမယ့် ငြင်းပယ်လို့မရ။ အရပ်အမောင်းကတင် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်မှာ သေချာတဲ့ကောင်လေးက ဘာကြောင့်များ သူ့ကိုများ!