တဟားဟား အော်ရယ်နေတဲ့ သူ့ကိုကြည့်ရင်း ရေချိုးခန်း၀နား မတ်တပ်ရပ်ကာ ခေါင်းကြီးငုံ့ထားသော Haruto။ အရပ်ကွာခြားမှုက ဘောင်းဘီနဲ့ အင်္ကျီလက်သာမက ခါးနားမှာပါ သိသာလှသည်။
မလုံမလဲ ယှက်ထားတဲ့ ခြေထောက်နှစ်ဖက်က ဒီကောင်လေး ရှက်နေတယ် ဆိုတာပင်။ အနည်းဆုံးတော့ ဗိုက်သားတွေ မမြင်ရလို့တော်သေးသည်။ မဟုတ်ရင် ဒီညHarutoကို ကြည့်ပြီး သူရယ်တာရပ်တော့မယ် မထင်ပါ။
'Hyung အဲ့လိုကြီး မရယ်နဲ့လေ'
တိုးလျလျအသံဟာ တကယ်ကြီး ရှက်နေပုံပင်။
'ဒီနားကိုလာခဲ့လေ ဘာလို့ အဲ့မှာရပ်နေတာလဲ'
မျက်နှာပိုးသပ်ရင်း ခေါ်မိတော့ အနားကို ဖြည်းဖြည်းချင်း လျှောက်လာလေသည်။
'ဒါနဲ့ မင်း ညစာစားပြီးပြီလား'
ည ၉နာရီထိုးတော့မယ့်အချိန်နဲ့ မအပ်စပ်သော စကားဆိုပေမယ့် Haruto ဘယ်ချိန်ကတည်းက အောက်ထပ်မှာ စောင့်နေလဲ မသိတာမလို့ သူမေးလိုက်မိသည်။
ထင်တဲ့အတိုင်း ခေါင်းခါပြလေသည်။
'ငါ့ဆီမှာ စားစရာ ခေါက်ဆွဲထုပ်တွေနဲ့ အရွက်တွေပဲ ရှိတယ်'
တကယ်ပဲ သူစနေနေ့မှ စျေးထွက်၀ယ်ဖို့ တွေးထားတာဖြစ်သည်။
'Hyungရော စားပြီးပြီလား'
'အင်း စားပြီးပြီ'
'ဒါနဲ့ ဒီအချိန်ထိ ကျွန်တော် Hyung ဆီမှာ နေလို့ဖြစ်ရဲ့လား'
မသိရင် သူကဲ မတရားတွေ အိမ်ထဲ၀င်စေချင်တဲ့ ပုံပေါက်နေသလို။ Junkyun အစက Haruto စကားကို စိတ်ဆိုးတော့မယ် ရွယ်လိုက်ပေမယ့် သူ့မျက်နှာကို ကြည့်တော့ တကယ်ကို အားနာသည့်ဟန် ရှိလေသည်။
'ဘာလဲ နေရခက်လို့လား'
'အဲ့လိုလုံး၀မဟုတ်ပါဘူး'
သူမေးတော့ စက္ကန့်၀က်မကြာ တန်းဖြေလေသည်။
'ကျွန်တော်က Hyung နေရခက်မှာပဲ စိုးရိမ်တာပါ'
ရုတ်တရက်ကြီး အနားကပ်ထိုင်လာတဲ့ လူကြောင့် Haruto ချောင်းတစ်ချက် ဟန့်လိုက်ရင်း